Saturday, March 16, 2019

နိုင်ငံရေးဆွေးနွေးပွဲ ပြန်စနိုင်ရေးအတွက် အကျဉ်းသား ၅၀ ကို နီကာရာဂွါအစိုးရ ပြန်လွှတ်


နီကာရာဂွါအစိုးရဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ပြန်စနိုင်ရေး မျှော်လင့်ချက်နဲ့ မတ် ၁၅ ရက်နေ့က အကျဉ်းသား ၅၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ 
ဒါဟာ ဒုတိယအသုတ် လွှတ်ပေးတာဖြစ်ပြီး အစိုးရနဲ့ အတိုက်အခံ ဆွေးနွေးပွဲ စတင်တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း အကျဉ်းသား ၁၀၀ ကို လွှတ်ပေးခဲ့ပါတယ်။ 

အတိုက်အခံတွေက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမှသာ ဆွေးနွေးပွဲ ဆက်လုပ်မယ် တောင်းဆိုလို့ ပြီးခဲ့တဲ့ဆွေးနွေးပွဲ ပျက်ပြားခဲ့ပါတယ်။ 

ထိန်းသိမ်းခံရသူတွေကို ကိုယ်စားပြုတဲ့ ကော်မတီက နိုင်ငံရေး အကျဉ်းသား ၅၇၀ ကျော် အချုပ်ကျနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

အကျဉ်းသားတဦးရဲ့ မိခင်က “ဒီနေ့ အယောက် ၂၀၀ လွှတ်ပေးရင် မနက်ဖြန် အယောက် ၃၀၀ ပြန်ဖမ်းလိမ့်မယ်။ အခုလည်း လူငယ်တွေကို ဖမ်းနေကြတယ်။ အရင်ဆုံး ဖမ်းတာတွေ ရပ်တန်းက ရပ်ပြီးမှ တွေ့ဆုံဆွေးနွေးရေး လုပ်သင့်တယ်”လို့ ပြောပါတယ်။ြ 

ပြန်လွတ်လာတဲ့ အကျဉ်းသားတွေကို မြို့နေပြည်သူတွေက အလံတွေ ဝှေ့ရမ်း ကြိုဆိုခဲ့ပါတယ်။

DVB

0 comments:

Post a Comment