Friday, March 15, 2019

လှိုင်မြို့နယ်အတွင်းမှ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် မရှိသော သောက်ရေသန့်လုပ်ငန်းတစ်ခုအား ထုတ်လုပ်ဖြန့်ဖြူးခြင်း မပြုရန်နှင့် စက်ရုံအားပိတ်သိမ်း


လှိုင်မြို့နယ်အတွင်းမှ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် မရှိသော သောက်ရေသန့်လုပ်ငန်းတစ်ခုအား ထုတ်လုပ်ဖြန့်ဖြူးခြင်း မပြုရန်နှင့် စက်ရုံအားပိတ်သိမ်းစေခဲ့ကြောင်း ရန်ကုန် FDA ထံက သိရသည်။ 
မတ်လ ၁၃ ရက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ-ရန်ကုန်သည် တိုင်ကြားချက်အရ မြို့ နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များနှင့်အတူ လှိုင်မြို့နယ်ရှိ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိသော 'အေးမြကြည်' သောက်ရေသန့်လုပ်ငန်းတစ်ခုအား ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ရာ ၎င်းသောက်ရေသန့်လုပ်ငန်းမှာ စက်ရုံ ဖွဲ့စည်းပုံ(Layout) မရှိခြင်း၊ စက်ရုံထုတ်လုပ်မှုအလိုက် အခန်းများမရှိခြင်း၊ စက်ကိရိယာများ ကောင်းမွန်စွာ အလုပ် မလုပ်ခြင်းနှင့် ထိန်းသိမ်းမှုမရှိခြင်း၊ စက်ရုံအတွင်း သန့်ရှင်းမှု မရှိခြင်းတို့ကြောင့် စက်ရုံမှာ ကောင်းမွန်သောထုတ်လုပ်မှု ကျင့်စဉ်(GMP)နှင့် ကိုက်ညီမှု မရှိကြောင်းတွေ့ရှိရပါ၍ စက်ရုံအား ပိတ်သိမ်းခဲ့ပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းမပြုရန် ခံဝန်ကတိရေးထိုးခဲ့၍ လိုက်နာဆောင်ရွက်ခြင်း မရှိပါက အမျိုးသား အစားအသောက်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အသိပေးခဲ့ကြောင်း သိရသည်။ 




Credit - YGN FDA 
The Ladies News

0 comments:

Post a Comment