နေရပ်လိပ်စာမှန်ကန်ကြောင်း ကျေးရွာ၊ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများက အတည်ပြုထောက်ခံပါက အိမ်ထောင်စုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်ဟု အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ ကပြောသည်။
မတ်လ ၁၃ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဦးလမာနော်အောင်၊ အင်ဂျန်းယန် မဲဆန္ဒနယ်၏ စစ်ဘေးရှောင်စခန်းတွင် ရောက်ရှိနေသော ပြည်သူများကြုံတွေ့နေရသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ပတ်သက်သည့် မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆ ထုတ်ပေးရာတွင် ရပ်ကွက်ကျေးရွာအုပ်စု၊ ရဲစခန်းပိုင်လမ်းနဲ့အိမ် အမှတ်တို့ကို မှတ် တမ်းတွင် ရေးဆွဲရတဲ့အတွက် နေရပ်လိပ်စာမှန်ကန်ကြောင်း သက်ဆိုင်ရာရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ အတည် ပြု ချက်ရရှိဖို့ အရေးကြီးပါတယ်။ ထောက်ခံချက်မပါပဲ ထုတ်ပေးတယ်ဆိုရင် အိမ်ထောင်စုစာရင်းတွေဖောင်းပွပြီး နိုင်ငံတော်အ တွက် ကာလတစ်ခုမှာ အခက်အခဲတွေကြုံတွေ့နိုင်ပါတယ်။ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းများနဲ့ မညီတဲ့ အတွက် ဝန်ထမ်း များအနေနဲ့ လုပ်ပေးဖို့ အကန့်အသတ်ရှိပါတယ်။ နေရပ်လိပ်စာမှန်ကန်ကြောင်းကို ကျေးရွာ၊ရပ်ကွက်၊ အုပ်ချုပ် ရေးမှူးများက အ တည်ပြုထောက်ခံချက် ပေးမယ်ဆိုရင်တော့ အိမ်ထောင်စုလူဦးရေးစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကပ်ပြားများကို လုပ်ထုံးလုပ်နည်း နဲ့ အညီ ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။”ဟု ဦးသိန်းဆွေ ကပြောသည်။
နိုင်ငံသားလုပ်ငန်း ဆောင်ရွက်ရာတွင် အသက်အတွက် အထောက်အထားအဖြစ် ကျောင်းထောက်ခံချက်၊ မွေးစာရင်းစသည်ဖြင့် တင်ပြရမည်ဖြစ်ပြီး တိုင်းရင်းသားပြည်သူများအတွက် ဖြေလျော့ပြီး ကျောင်းထောက်ခံချက်၊ မွေးစာရင်းများ မတင်ပြနိုင်ပါက အိမ် ထောင်စုလူဦးရေးစာရင်းမှ မွေးသက္ကရာဇ်၊ ခရစ်ယာန်သင်းအုပ် ဆရာများမှ ထုတ်ပေးသည့် နှစ်ခြင်းသက်သေခံပါ မွေးသက္ကရာဇ် ဖြင့်လည်းကောင်း၊ သွေးအုပ်စု သတ်မှတ်ချက် မတင်ပြနိုင်ပါကလည်း ဖြေလျော့ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းကပြော သည်။
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာရသူများကိုလည်း အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းများကို ခွဲခြားကန့်သတ်ချက်မရှိဘဲ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ဌာနဝန်ထမ်း များကဆောင်ရွက်ပေးလျက်ရှိကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)







0 comments:
Post a Comment