Monday, March 18, 2019

မြန်မာအိမ်အကူအမျိုးသမီးအား အဆိုးရွားဆုံးအဆင့် နှိပ်စက်ညှဉ်းပန်းမှု့ ဖြင့် စင်ကာပူဇနီးမောင်နှံကို ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်


အိမ်အကူလုပ်သားမြန်မာအမျိုးသမီးတစ်ဦးအပေါ် အဆိုးရွားဆုံးအဆင့် စော်ကားနှိပ်စက်ညှဉ်ပန်းခဲ့ကြောင်း ထင်ရှားပေါ်ပေါက်ခဲ့ပြီးနောက် စင်ကာပူအလုပ်ရှင် ဇနီး မောင်နှံ ၂ ဦးကို ယနေ့ (မတ် ၁၈ ) တွင် စင်ကာပူ တရားရုံး မှ ခရိုင်တရားသူကြီး Olivia Low က ထောင်ဒဏ်အသီး သီးနှင့် ငွေဒဏ်ပြစ်ဒဏ်ချမှတ်လိုက်သည်။ 
စင်ကာပူအလုပ်ရှင်ဇနီးမောင်နှံအနက် အသက် ၄၃ နှစ်ရှိ အမျိုးသမီးဖြစ်သူ Chia Yun Ling ကို ထောင်ဒဏ် ၃နှစ် နှင့် ၁၁ လ ( ၄၇ လ ) ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ် သလို မြန်မာအိမ်အကူအဖြစ် အလုပ်လုပ်ခဲ့သည့် မမိုးမိုးသန်း ကို နစ်နာကြေး စင်ကာပူဒေါ်လာ ၉၅၀၀ ပေးရန်လည်း အမိန့့် ချမှတ် ခဲ့ခြင်းဖြစ်သည်။ ထို့ အတူ ခင်ပွန်းသည်ဖြစ်သူ အသက် ၄၁ နှစ်ရှိ IT မန်နေဂျာဟောင်း Tay Wee Kiat ကိုလည်း ထောင်ဒဏ် ၂၄ လ ပြစ်ဒဏ် ချမှတ် ခဲ့သည်။ 
မြန်မာအိမ်အကူအမျိုးသမီးကို စင်ကာပူအလုပ်ရှင် ဇနီး မောင်နှံက စော်ကားနှိပ်စက် ညှဉ်းပန်း မှု့ များပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု စင်ကာပူအစိုးရတရားလို ရှေ့ နေများက မှတ်ချက်ပေးခဲ့ကြသည်။ 
စင်ကာပူအလုပ်ရှင်ဇနီးမောင်နှံက မြန်မာအိမ်အကူအမျိုး သမီးကို ညှဉ်းပန်းခဲ့ရာတွင် သကြားနှင့် ထမင်းကို ရော၍ လည်ချောင်းထဲသို့ ကန်တော့ဖြင့် လောင်းထည့်ကာပြန်အန် ထွက်စေသည်အထိ စားသုံးစေခြင်း၊ အဝတ်လှန်းချိတ်များ တံမျက်စည်းများဖြင့် ရိုက်နှက်ခြင်း၊တစ်နေ့ လျှင်အိမ်သာ ကို ၃ ကြိမ်ထက် ပိုမသုံးရန်တားမြစ်ခဲ့ခြင်း၊ ထိုကဲ့သို့ တား မြစ်ရာတွင် အခြားအိမ်အကူတစ်ဦးနှင့် စီစီတီဗီကင်မရာများဖြင့် စောင့်ကြည့်ခဲ့ကာ ဖောက်ဖျက်ပါကအပြစ်ပေး ခြင်းများ ကိုလည်း ပြုလုပ်ခဲ့သည်မှာ ထင်ရှားပေါ်ပေါက်ခဲ့ သည်။ 
ထို့ အတူ ထိုကဲ့သို့  ပြုလုပ်သည်ကို မြန်မာနိုင်ငံရှိမိဘများထံသို့  ပြန်လည် အကြောင်းကြားပါက သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်မှာ ထင်ရှားပေါ်ပေါက်ခဲ့သည်။ 
မြန်မာအိမ်အကူအမျိုးသမီးဖြစ်သူ မမိုးမိုးသန်းမှာ အသက် ၂၅ နှစ် အရွယ် ၂၀၁၂ ခုနှစ်အတွင်းက အဆိုပါ အလုပ်ရှင် ဇနီးမောင်နှံ၏ နေအိမ်၌ ၁၀ လကြာအလုပ်လုပ် ကိုင်ခဲ့စဉ် နှိပ်စက်ညှဉ်းပန်းခံခဲ့ရခြင်းဖြစ်သည်။ 
ထိုစဉ်က အင်ဒိုနီးရှားနိုင်ငံသူအစ္စလာမ်ဘာသာဝင် အိမ်အ ကူ Fitriyah နှင့် ခရစ်ယာန်ဘာသာဝင် မမိုးမိုးသန်းတို့ မှာ Chia Yun Ling ၏ အဝတ်ဘီရိုကို အသိမပေးဘဲ နေရာ ရွေ့ သည်ဟုဆိုကာ ဗုဒ္ဓဆင်းတုရှေ့ တွင် နှစ်ဦးစလုံးကို အကြိမ် ၁၀၀ စီ ရှစ်ခိုးကန်တော့စေခြင်းကိုလည်း Chia Yun Ling က ခိုင်းစေခဲ့ကြောင်း သိရသည်။ 
ထို့ အတူ Fitriyah နှင့် မမိုးမိုးသန်းတို့ ကို အပြန်အလှန် ရိုက်နှက်စေ ခြင်း အဝတ်မဝတ်စေဘဲ အိမ်မှု့ ကိစ္စများလုပ်ကိုင်စေခြင်း စသည့် ညှဉ်းပန်းနှိပ်စက်မှု့ များကို ပြုလုပ်ခဲ့ကြကြောင်း လည်း သိရသည်။ 
မမိုးမိုးသန်းမှာ ၂၀၁၂ နှစ်အတွင်းက ၁၀ လကြာ လုပ်ကိုင် ခဲ့စဉ်အတွင်း တစ်လ စင်ကာပူဒေါ်လာ ၄၀၀ နှင့်အပိုကြေး စင်ကာပူ ဒေါ်လာ၂၀ သာ ရခဲ့သည်။ တစ်ပတ်လုံး နားရက် မရှိ လုပ်ခဲ့ရသော်လည်း ၁၀လကြာပြီးနောက် မြန်မာနိုင်ငံ သို့ ရုတ်တရက် ပြန်ပို့ ခံခဲ့ရသည်။ ထို့ အတွက် မမိုးမိုးသန်း က နောက်တစ်လအကြာတွင် စင်ကာပူနိုင်ငံသို့ ပြန်လာကာ တိုင်ကြားခဲ့သည့်အတွက် ဆေးစစ်မှု့ များပြုလုပ်ခဲ့ရာ နဖူး တင်ပါးနှင့်လက်များတွင် ဒဏ်ရာဟောင်းအမာရွတ်များ တွေ့ ရှိခဲ့သလို ရုံးချိန်းပေါင်း ၃၁ ချိန်းစစ်ဆေးခဲ့ပြီးနောက် ယနေ့ အပြီးသတ် အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။ 
စင်ကာပူတွင် နိုင်ငံသားအိမ်အကူလုပ်သားများ၏ လစာ နှုန်းထားမှာ အလွန်မြင့်မားသည့်အတွက် အခြားအာရှ နိုင် ငံများမှ အိမ်အကူလုပ်သားများကို ခေါ်ယူလုပ်ကိုင်နေရပြီး ပြည်ပအိမ်အကူလုပ်သားပေါင်း ၂ သိန်းခွဲခန့် ရှိနေကာ အိမ် အကူများအပေါ် အိမ်ရှင်များ၏ညှဉ်းပန်းနှိပ်စက်မှု့ များကို အစိုးရက တင်းကျပ်စွာ အရေးယူကာကွယ်ပေးမှု့ များ ပြုလုပ်နေသည်။ 


ကိုစိုင်းစိုင်း 
The Ladies News

0 comments:

Post a Comment