ရခိုင်ပြည်နယ် အတွင်း တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေမှာ ရှေးဟောင်းယဉ်ကျေးမှု စေတီ ပုထိုးနဲ့ ဘုရားတွေ လက်နက်ကြီး ကျည်ထိမှန်နေတဲ့အတွက် မြောက်ဦး ယဉ်ကျေးမှု ဒေသကို စစ်မဲ့ဇုန် အဖြစ် နှစ်ဖက် အဖွဲ့အစည်းတွေက သဘောတူညီချက် ထားရှိပေးဖို့ မြန်မာ ရှေးဟောင်း သုတေသန ပညာအသင်းက မေတ္တာရပ်ခံ လိုက်ပါတယ်။
ယဉ်ကျေးမှု အမွေအနှစ်တွေ မပျောက်ဆုံး၊ မပျက်စီးစေရေးကို ရှေးရှုပြီး နိုင်ငံတကာ သဘောတူညီချက်တွေကို လိုက်နာကြဖို့ ကိုလည်း တောင်းဆိုထားပါတယ်။
လက်ရှိ ကာလမှာ မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသကို နိုင်ငံတော်အဆင့်ကနေ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းနိုင်ဖို့ ကြိုးပမ်းနေတဲ့ အချိန်လို့ ဆိုပါတယ်။
လတ်တလော ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးနိုင်မှုနဲ့ ကမ္ဘာ့ အမွေအနှစ်အဖြစ် အသိအမှတ်ပြုခွင့် ရရှိရေးမှာ အဟန့်အတား ဖြစ်လာနိုင်တယ် လို့လည်း မြန်မာ ရှေးဟောင်း သုတေသနပညာ အသင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Photo - Ko Thein Win/ Facebook
RFA








0 comments:
Post a Comment