လူ ၄၅၀ ကျော် မီးဘေးသင့်သည့် လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်းအနီး ညောင်ရွာ၌ မီးဘေးဒုက္ခသည်စခန်းဖွင့် လှစ်ထားသော်လည်း ရက်ရှည်ဖွင့်လှစ်မည်မဟုတ်ဘဲ မတ်လ ၁၁ ရက်တွင် ပိတ်သိမ်းရန် စီစဉ်နေသည်ဟု လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြော သည်။
မတ်လ ၉ ရက် ညနေက လောင်ကျွမ်းသော မီးကြောင့် အိမ်ခြေ ၁၀၀ ကျော်နှင့် စည်ပင်သာယာပိုင်ဈေးတစ်ခု မီးလောင် ဆုံးရှုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
‘‘ကယ်ဆယ်ရေးစခန်းကို ဘုန်းကြီးကျောင်းမှာ ဖွင့်ထားတယ်။ လူမှုရေးပြဿနာတွေရှိလို့ ရက်ရှည်တော့မဖွင့်ဘူး’’ဟု ဦး မြတ်မင်းသူကပြောသည်။
မီးလောင်မှုဖြစ်စဉ်သည် တရားမ၀င်ရောင်းချနေသည့် ဓာတ်ဆီဆိုင်တစ်ဆိုင်က စတင်လောင် ကျွမ်းခြင်းဖြစ်သည်။
‘‘ဒီနေ့ စားရေး၊ သောက်ရေး ကတော့ လာလှူတဲ့သူများလို့ အ ဆင်ပြေပါတယ်။ မနက်ဖြန်တော့ ဘာဖြစ်မလဲ မသိသေးဘူး’’ ဟု နေအိမ်မီးလောင်ဆုံးရှုံးသူ ဒေါ်ဝင်းမြင့်ကပြောသည်။
မတ်လ ၁၀ ရက် နံနက် ၃ နာရီကျော်တွင် လှိုင်သာယာမြို့ နယ် ရွှေလင်ဗန်းစက်မှုဇုန်၊ နံနက် ၉ နာရီခန့်တွင် မြောက်ဥက္ကလာပ မြို့နယ် မေဓာဝီ (ဆ)ရပ်ကွက်နှင့် နေ့လယ် ၁ နာရီခန့်၌ ပုသိမ်ကြီး မြို့နယ်တွင် မီးလောင်မှုများ ဖြစ် ပွားခဲ့သည်ဟု မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ထိုမီးလောင် မှု သုံးခုစလုံးကို မီးသတ်တပ်ဖွဲ့က level - 2 အဆင့် သတ်မှတ်၍ မီးငြှိမ်းသတ်ခဲ့ရသည်။
7 Day







0 comments:
Post a Comment