မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်နှစ်ဦးကို ချုပ်နှောင်အနိုင့်ကျင့်ခြင်း ကြောင့် ပုဒ်မငါးခုဖြင့် ၀ိုင်းမော်ရဲစခန်းတွင် အမှုဖွင့်ခံခဲ့ရသည့်သခင်စစ် သတ္တုတူးဖော်ရေး ကုမ္ပဏီက မြစ်ကြီးနားဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးဘရန်မိုင် အပါအ၀င် သုံးဦးကို အသရေဖျက်မှုပုဒ်မဖြင့် တရားစွဲဆိုထားကြောင်း တရားစွဲခံရသူ ဦးဘရန်မိုင်ကပြောသည်။
မြစ်ကြီးနား ဂျာနယ်တွင် ဖော်ပြခဲ့သည့် တစ်သျှူးငှက်ပျော စိုက်ပျိုးမှုသတင်းနှင့် ပတ်သက်ပြီး သခင်စစ်ကုမ္ပဏီတာဝန်ရှိသူများ က သတင်းရေးသားသူ မမွန်းမွန်းပန်နှင့် အခြားသတင်းထောက် တစ်ဦးကို ဖေဖော်ဝါရီ ၂၆ ရက်က ကုမ္ပဏီသို့ ခေါ်ဆောင်ပြီး အိမ်နှစ်အိမ်တွင် သီးခြားချုပ်နှောင်ကာ သတင်းထောက် အမျိုးသမီးအား ဆဲဆိုခြင်း၊ ဂျာနယ်ဖြင့် မျက်နှာကိုရိုက်ခြင်း၊ ခြိမ်းခြောက်ခြင်းပြုလုပ်သကဲ့သို့ သတင်းထောက် အမျိုးသားကိုလည်း ထိုင်ထလုပ်ခိုင်း ခြင်းကြောင့် တာဝန်ရှိသူခြောက်ဦးကို ၀ိုင်းမော်ရဲစခန်း၌ အမှုဖွင့်ခဲ့ သည်။
သခင်စစ်ကုမ္ပဏီကလည်း ဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးဘရန်မိုင်၊ သတင်းထောက် မမွန်းမွန်းပန်နှင့် အမှုဆောင်အရာ ရှိချုပ်(၂) ကိုဇော်ခွန်းတို့ကို ၀ိုင်း မော်မြို့နယ် တရားရုံးတွင် တရား စွဲဆိုရာ မတ်လ ၁၂ ရက်တွင် တရားရုံးက ဆင့်ခေါ်ပြီး မတ်လ ၁၈ ရက်၌ သွားရောက်ရှင်းလင်း ရမည်ဖြစ်သည်။
‘‘သူတို့က ကျွန်တော်တို့ရေး တဲ့သတင်းမှာ သူတို့ဂုဏ်သိက္ခာ ကို ကျဆင်းစေတယ်ဆိုပြီးမှ ဂုဏ် သရေညှိုးနွမ်းစေမှု ပုဒ်မ ၅၀၀ ပေါ့လေ၊ အသရေဖျက်မှုပေါ့။ အဲ ဒါနဲ့ စွဲထားတာပါ’’ ဟု ဦးဘရန် မိုင်က ပြောသည်။
သတင်းရေးသားရာတွင် အ များပြည်သူအကျိုးအတွက် မီဒီ ယာကျင့်ဝတ်နှင့်အညီ အမှန်ကို ရေးသားခြင်းဖြစ်၍ သခင်စစ် ကုမ္ပဏီ၏ တရားစွဲဆိုမှုအပေါ် ပြန်လည်ဖြေရှင်းမည်ဟု ၎င်းက ဆိုသည်။
ဝိုင်းမော်မြို့မရဲစခန်းမှူး ဒုရဲ မှူးကျော်စိုးကလည်း ‘‘အဲဒါက တရားရုံးမှာ ဦးတိုက်လျှောက်ထား တာပါခင်ဗျ။ သူက ရဲအရေးမပိုင် ဘူးဆိုတော့ တရားရုံးမှာ ဦးတိုက် လျှောက်ထားတာပါ’’ဟု ပြော သည်။
သတင်းထောက် မမွန်းမွန်း ပန်က သခင်စစ်ကုမ္ပဏီ မန်နေ ဂျင်းဒါရိုက်တာ ဦးဒိန်ဆောင်အပါ အ၀င် ခြောက်ဦးကို အမှုဖွင့်ထား သည့်ကိစ္စကိုမူ ဥပဒေအကြံ တောင်းထားကြောင်း ရဲစခန်းမှူး က ပြောသည်။
‘‘အကြံတောင်းကျတာနဲ့ တရားစွဲပါ့မယ်။ ကျွန်တော်တို့က တော့ စစ်ဆေးပေါ်ပေါက်ချက် ကို ဥပဒေအကြံတောင်းမယ်။ အကြံပြုချက် ပြန်ကျတဲ့အတိုင်း ကျွန်တော်တို့က တရားစွဲမှာပါ’’ ဟု ၎င်းကဆိုသည်။
သခင်စစ်ကုမ္ပဏီကသတင်း ထောက်များကို ချုပ်နှောင်တား ဆီးပြီး နာကျင်အောင်ပြုလုပ်ခြင်း အပေါ် ထိရောက်စွာအရေးယူပေး ရန် မီဒီယာအဖွဲ့အစည်းများက ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အား တိုက်တွန်းထားသည်။
ကုမ္ပဏီတာဝန်ရှိသူများကို ရာဇသတ်ကြီးဥပဒေပုဒ်မများဖြစ် သည့် ရာဇ၀တ်မကင်းသော အ နိုင်အထက်ပြုမူမှု ပုဒ်မ ၃၅၄၊ ညစ်ညမ်းစွာဆဲဆိုမှုပုဒ်မ ၂၉၄၊ နာကျင်စေမှုပုဒ်မ ၃၂၃၊ မတရား တားဆီးခြင်းဆိုင်ရာပုဒ်မ ၃၄၁၊ ပြစ်မှုကျူးလွန်ရာတွင် အားပေး ကူညီခြင်းဆိုင်ရာ ပုဒ်မ ၁၁၄ တို့ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး အာ မခံပေး၍ရသည့် ပုဒ်မများဖြစ်၍ အာမခံပေးထားသည်။
7Day






0 comments:
Post a Comment