Thursday, March 14, 2019

သာသနာ့အလံ မလျော်မကန်အသုံးပြုမှုတားမြစ်ပေးရန် ဆရာတော်များထံ သာသနာရေးဝန်ကြီးတောင်းဆို အကျင့်ပျက်မှုများ ဖယ်ရှားနိုင်ရေး သာသနာတော်အပေါ် တာဝန်ကျေသည့်ပုဂ္ဂိုလ်များ လိုအပ်နေဟု ဗန်းမော်ဆရာတော်မိန့်ကြား


သာသနာ့အလံကို နိုင် ငံရေးဆန္ဒပြပွဲများ၌ အသုံးပြုခြင်းအပါအ၀င် မလျော်မကန်အသုံးပြု မှုများအပေါ် တားမြစ်မှုမရှိဖြစ်နေပြီး သတ်မှတ် ချက်နှင့်အညီသုံးစွဲရေး ကြီးကြပ်ရန် သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်သို့ ညွှန်ကြားသင့်ကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မဟန ဆရာတော်များထံ လျှောက်ထားသည်။ 
ကမ္ဘာအေးကုန်းမြေရှိ ၀ိဇယမင်္ဂလာဓမ္မ သဘင်၌ မတ်လ ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်း ပသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီအစည်းအဝေး ပထမနေ့၌ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ သာသနာရေးဆိုင်ရာများ လျှောက်ထားမှုတွင် အထက်ပါအတိုင်း ပါဝင်ခြင်းဖြစ်သည်။ 

‘‘ကြီးကြပ်မှုမရှိကြသဖြင့် မထီမဲ့မြင်ပြုကာ သာသနာ့အလံတော်ကို နိုင်ငံရေးဆန္ဒဖော်ထုတ်ပွဲ တွင် အသုံးပြုသည်အထိ အတင့်ရဲစွာဆောင်ရွက် လာသည်ကို တွေ့ရှိနေရပါသည်ဘုရား’’ဟု သူရ ဦးအောင်ကိုက လျှောက်ထားသည်။ 

သံဃာ့အဖွဲ့အစည်းအခြေခံ စည်းမျဉ်းလုပ်ထုံးလုပ်နည်းနှင့် သံဃနာယကလက်စွဲတို့တွင် သာ သနာ့အလံတော်နှင့်ပတ်သက်၍ အသုံးပြုနိုင်မည့် အရွယ်အစား လေးမျိုး၊ အသုံးပြုနိုင်သည့်နေ့ ရက်များနှင့်ပွဲတော်များ၊ ရှောင် ကြဉ်ရမည့် သတ်မှတ်ချက်များ ဖော်ပြထားသည်။ 

ထိုသို့သတ်မှတ်ပြဋ္ဌာန်းထား သော သာသနာ့အလံများ၏အ ရွယ်အစား၊ အရောင်အသွေးတို့ ကို ပြုပြင်ချုပ်လုပ်ခြင်း၊ မသင့် လျော်သောနေရာများ၌ အသုံးပြု နေခြင်းများကို သံဃာ့အဖွဲ့အ စည်းအဆင့်ဆင့်နှင့် ရဟန်းသာမ ဏေများကိုယ်တိုင်က တာဝန်မရှိ သကဲ့သို့ ပြုမူဆောင်ရွက်နေသလို ဖြစ်နေကြောင်း သူရဦးအောင်ကို က ဆိုသည်။ 

သံဃနာယက လက်စွဲပါ သတ်မှတ်ချက်များအရ သာသနာ့ အလံကို ဗုဒ္ဓဘာသာဆိုင်ရာအခါ ကြီးရက်ကြီးရှစ်ရက်၊ ဗုဒ္ဓဘာသာ ဆိုင်ရာပွဲတော်နှင့်အခမ်းအနား ၁၄ မျိုးတွင် အသုံးပြုနိုင်ပြီး ဘုရားဖူးယာဉ်များ၊ လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ် များ၌ အကြောင်းမဲ့သက်သက် သုံးစွဲခြင်းမပြုရန် တားမြစ်ထား သည်။ 

ထို့အပြင် သံဃနာယက လက်စွဲအပိုဒ် ၃၁၉ တွင် တားမြစ် ချက်များကို မလိုက်နာသော ပုဂ္ဂိုလ်များအား ဓမ္မ၀ိနယနှင့်အညီ အရေးယူပေးရန် သံဃနာယက အဖွဲ့များက အာဏာပိုင်အဖွဲ့အ စည်းများထံ မေတ္တာရပ်ခံရမည် ဟု ဆက်လက်ဖော်ပြထားသည်။ 

‘‘အထူးအားဖြင့် ရပ်ကျေး၊ မြို့နယ်သံဃနာယကအဖွဲ့ဆရာ တော်များကိုယ်တိုင်က သာသနာ့ အလံတော်သုံးစွဲမှုကို ကြီးကြပ် ကွပ်ကဲမှုမရှိရုံမျှမက မသိကျိုးကျွန် ပြုလျက်ရှိနေကြသည်ကို တွေ့ မြင်နေရပါသည်ဘုရား’’ ဟု ပြည် ထောင်စုဝန်ကြီးသူရဦးအောင်ကို ၏ မဟနဆရာတော်များထံ လျှောက်ထားချက်တွင် ပါဝင် သည်။ 

လက်ရှိတွင် ရဟန်း၊ သာမ ဏေအချို့၏၀ိနည်းနှင့်ဆန့်ကျင် သော ပြုမူဆောင်ရွက်မှုများသည် သာသနာ့ဝန်ထမ်းရဟန်း၊ သာမ ဏေအများစု၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်၍ အကျင့်ပျက် ရဟန်း၊ သာမဏေများကို ပြုပြင် ကြပ်မတ်ပေးရန်လိုအပ်ကြောင်း သူရဦးအောင်ကိုက အထက်ပါ အစည်းအဝေးတွင် လျှောက်ထား သည်။ 

သာသနာတော်အတွင်းမှ အကျင့်ပျက်ပုဂ္ဂိုလ်များကို ဖယ် ရှားရှင်းလင်းနိုင်ရေး သာသနာ တော်အပေါ် တာဝန်ကျေသည့် ပုဂ္ဂိုလ်များလိုအပ်ကြောင်း အ စည်းအဝေးပထမနေ့ မတ်လ ၁၁ ရက်၌ မဟနဥက္ကဋ္ဌဗန်းမော်ဆရာ တော်ကလည်း ဩ၀ါဒမိန့်ကြား ထားသည်။ 

သာသနာ့ အလံတော်ကို မသင့်လျော်သည့်နေရာများ၌ အ သုံးပြုခြင်းသည် သာသနာညှိုးနွမ်း အောင်ပြုလုပ်ရာရောက်၍ ထိုသို့ သုံးစွဲမှုများကို ဥပဒေနှင့်အညီအ ရေးယူ ဆောင်ရွက်မည်ဖြစ် ကြောင်း သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာနက ၂၀၁၇ ဇွန် လတွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ထားသည်။

7Day

0 comments:

Post a Comment