ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ အများပြည်သူပိုင် ပန်းခြံတွင် ထားရှိသည့် ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားရေး လှုပ်ရှားမှုကို မတ်လ ၁၇ ရက်နေ့ ပြုလုပ်ရန် ရည်ရွယ်ခဲ့သော်လည်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ တောင်းဆိုမှုကြောင့် လှုပ်ရှားမှုကို ခေတ္တရွှေ့ဆိုင်းပြီး ၅ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။
ကရင်နီပြည်လူငယ်အင်အားစုမှ ခေါင်းဆောင် ကိုဒီးဒီက ဦးဇော်ဌေး၏ တောင်းဆိုမှုကြောင့် မတ်လ ၂၀ ရက်နေ့တွင် ကယားပြည်နယ်အစိုးရ၊ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ (NRPC) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ၊ ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားရေး သပိတ်ကော်မတီ၊ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးအဖွဲ့ တို့ လွိုင်ကော်တွင် တွေ့ဆုံကြ မည်ဖြစ်ကြောင်း သိရှိရသည်။
တွေ့ဆုံ ဆွေးနွေးမှု အဆင်မပြေပါက မူလအတိုင်း လှုပ်ရှားတောင်းဆိုမှုများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ယခု တွေ့ဆုံ ဆွေးနွေးမှုသည် နောက်ဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ကြောင်း၊ ကရင်နီပြည်လူငယ်အင်အားစုက တရားဝင် ဖော်ပြောဆိုသည်။
Khit Thit Media







0 comments:
Post a Comment