ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့အရှေ့ပိုင်း အထက်တန်းကျောင်း တကျောင်းမှာ မတ်လ ၁၃ ရက်နေ့က သေနတ်ပစ်ခတ်မှုကြောင့် ကျောင်းသား ၅ ဦး အပါအဝင် လူ ၁၀ ဦး သေဆုံးတယ်လို့ ဆော်ပေါ်လိုရဲတပ်ဖွဲ့က ပြောပါတယ်။
ကျောင်းဝန်ထမ်းတဦးနဲ့ သေနတ်သမားနှစ်ဦးတို့လည်း သေဆုံးပြီး သေနတ်ထိမှန်ခဲ့တဲ့ ကလေးအများအပြားကို ဆေးရုံပို့ဆောင်ထားရပါတယ်။ အဲဒီကလေးငယ်တွေ အခြေအနေကိုတော့ ချက်ချင်းမသိရသေးပါဘူး။
ဒေသစံတော်ချိန် မနက် ၉ နာရီခွဲလောက်က ရာအူးလ် ဘရာဇီးကျောင်းအတွင်းကို မျက်နှာဖုံးတပ်လူနှစ်ဦး ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
အဲဒီပစ်ခတ်မှုမတိုင်မီ ကျောင်းနဲ့ မီတာ ၅၀၀ အကွာမှာ နောက်ထပ်ပစ်ခတ်မှု ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က Globo TV network ကို ပြောခဲ့ပြီး ဖြစ်ရပ်နှစ်ခု ဆက်စပ်လားဆိုတာတော့ မသဲကွဲသေးပါဘူး။
ဘရာဇီးဟာ ကမ္ဘာမှာ သေနတ်ပစ်ခတ် အကြမ်းဖက်မှု အများဆုံးနိုင်ငံတွေထဲက တခုဖြစ်ပေမယ့် ကျောင်းတွင်းပစ်ခတ်မှုတွေကတော့ အဖြစ်နည်းပါတယ်။
ပြီးခဲ့တဲ့ သေနတ်ပစ်ခတ်မှုဟာ ၂၀၁၁ ခုနှစ်က ဖြစ်ခဲ့ပြီး ကျောင်းသားဟောင်းတဦး ပစ်ခတ်လို့ ကလေး ၁၂ ဦး သေဆုံးခဲ့ပါတယ်။
DVB







0 comments:
Post a Comment