ဝန်ကြီးချုပ် ထရီဆာမေရဲ့ ဘရက်ဇစ် သဘောတူညီချက်ကို မတ်လ ၁၂ ရက်နေ့မှာ ဗြိတိန်ပါလီမန်အမတ်တွေက ပယ်ချလိုက်ပါတယ်။
ဒီလို ပယ်ချလိုက်တဲ့အတွက် ဘရက်ဇစ်အကျပ်အတည်း ပိုမိုနက်ရှိုင်းစေပြီး သဘောတူညီချက်မရတဲ့ ဘရက်ဇစ်ကိုပဲ ထောက်ခံမလား အဆုံးသတ်ခါနီးမှ ကြန့်ကြာနေမလား ဆိုတာကို ဗြိတိန်ပါလီမန်ဟာ ရက်ပိုင်းအတွင်း ဆုံးဖြတ်ရတော့မှာပါ။
ဝန်ကြီးချုပ်မေရဲ့ ပြင်ဆင်ပြီး သဘောတူညီချက်ကို ၃၉၁ မဲ – ၂၄၂ မဲနဲ့ ပယ်ချခဲ့တာပါ။ အီးယူမှာ ဆက်နေလိုသူတွေက ပယ်ချလိုက်တဲ့ သတင်းအပေါ် အောင်ပွဲခံပေမယ့် အီးယူက ထွက်ခွာလိုသူ တဦးကတော့ ဒီလုပ်ငန်းစဉ်ကို ရုပ်ပျက်တယ်လို့ ပြောခဲ့ပါတယ်။
ဒီလို ပယ်ချလိုက်တဲ့အတွက် ဘရက်ဇစ် သဘောတူညီချက် ရှေ့ဆက်မရဖြစ်ပြီး ဒီအတွက် သတ်မှတ်ချိန်ထက်စောတဲ့ ရွေးကောက်ပွဲလုပ်မလား ဒါမှမဟုတ် နောက်ထပ် ဆန္ဒခံယူပွဲ လုပ်မလား ဖြစ်လာပါတယ်။
အဲဒီနောက် အီးယူ ဘရက်ဇစ် ညှိနှိုင်းရေးမှူး မစ်ချယ်ဘာနီရာက အီးယူအနေနဲ့ ဗြိတိန်နဲ့ နောက်ထပ် ညှိနှိုင်းမှာ မဟုတ်ဘူးလို့ တွစ်တာကနေ ရေးခဲ့ပါတယ်။
DVB







0 comments:
Post a Comment