Saturday, March 16, 2019

တရုတ်တွင် မြေပြိုမှုကြောင့် ၇ ဦး သေဆုံး၊ ၁၃ ဦး ပျောက်ဆုံးနေ


တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်းရှီးပြည်နယ်မှာ မြေပြိုမှုကြောင့် သေဆုံးသူ ဦးရေဟာ မတ်လ ၁၆ ရက် မွန်းလွဲပိုင်းမှာ ၇ ယောက်ထိ မြင့်တက်သွားပါတယ်။ 
လူ ၁၃ ယောက် ဒဏ်ရာရပြီး တခြား ၁၃ ယောက် ပျောက်ဆုံးနေဆဲပါ။ သောကြာညနေက လင်ဖှန်မြို့ ကျိုးလင်မြို့နယ်မှာ မြေပြိုခဲ့လို့ လူနေအိမ် ၂ လုံးနဲ့ အများသုံး ရေအိမ် ၁ လုံး ပျက်စီးခဲ့ပါတယ်။ 

ဒေသတွင်း မြေပြင်အနေအထားက ဘယ်လိုစက်ကြီးတွေမှ သုံးလို့ မရနိုင်တဲ့နေရာ ဖြစ်နေလို့ မြေပြိုတဲ့နေရာကို မီးသတ်သမားတွေက ကာရံထားခဲ့ပြီး ပိတ်မိနေတဲ့ သူတွေကို လက်နဲ့ ကယ်ထုတ်ဖို့ ကြိုးစားခဲ့ရတာပါ။ 

ပြည်သူ့လုံခြုံရေး အရာရှိတွေ၊ ရဲတွေ၊ အရေးပေါ် ကယ်ဆယ်ရေးဌာန ဝန်ထမ်းတွေနဲ့ ဆေးဘက်ဝန်ထမ်းတွေ အပါအဝင် လူအယောက် ၆၀၀ ကျော် ပါဝင် ကယ်ဆယ်ခဲ့ကြပါတယ်။

DVB

0 comments:

Post a Comment