၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု အစိုးရအပ်ငွေစာရင်း၏လိုငွေကို ဖြည့်ဆည်းနိုင်ရန် ဗဟိုဘဏ်မှ ကျပ်ဘီလီယံ ၁,၀၀၀ ကျော် ချေး ယူမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ယမန်နေ့ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။
ဗဟိုဘဏ်မှ ချေးယူမည့် ပမာဏသည် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေဖြည့် ဆည်းရန် ပြည်တွင်းမှ ချေးယူမည့် ငွေပမာဏလျာထားချက်၏ ၂၀ ရာခိုင်နှုန်းဖြစ်ကြောင်း စီမံဘဏ္ဏာဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းပြသည်။
လိုငွေဖြည့်ဆည်းရန် ပြည်ပ မှ ကျပ်ဘီလီယံ ၂,၀၀၀ ကျော် ချေးယူရန် လျာထားပြီး ပြည်တွင်း မှ ကျပ်ဘီလီယံ ၅,၀၀၀ ကျော် ချေးယူရန် လျာထားသည်ဟု ဦးမောင်မောင်ဝင်းက ဆိုသည်။
ဗဟိုဘဏ်မှ ချေးယူမည့် ကျပ်ဘီလီယံ ၁,၀၀၀ ကျော် (၁,၀၁၆ ဒသမ ၈၁၈) ကို အစိုးရ ၏ ငွေတိုက်လက်မှတ်များအား အာမခံပေးကာ ချေးယူမည်ဖြစ် ကြောင်း ဦးမောင်မောင်ဝင်းက ပြောသည်။
ထိုသို့ ချေးယူမည့် အစီအစဉ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနအနေဖြင့် ဗဟိုဘဏ်သို့ အကြောင်းကြား ညှိနှိုင်းပြီးဖြစ် ကာ ယင်းအပေါ် ဗဟိုဘဏ်က လည်း သဘောတူညီသည်ဟု ၎င်း က တင်ပြသည်။
7Day
0 comments:
Post a Comment