ရှမ်းပြည်နယ်မြောက် ပိုင်း ကွတ်ခိုင်မြို့နယ်တွင်ကြံခုတ် လုပ်ငန်း လုပ်ကိုင်နေသော အရပ် သား ၇၀ ဦးကို KIA/TNLA ပူး ပေါင်းအဖွဲ့က ဖမ်းဆီးသွား ကြောင်း ဒေသခံအချို့ကပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကလည်း အတည်ပြုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာ အုပ်စု မန်ကောင်းကျေးရွာရှိ ကြံ ခင်း၌ လုပ်ကိုင်နေသော အမျိုး သား ၆၀ ဦးနှင့် အမျိုးသမီး ၁၀ ဦးကို KIA/TNLA ပူးပေါင်းအဖွဲ့ က မတ်လ ၄ ရက် နံနက်တွင်ဖမ်း ဆီးသွားကြောင်း ဒေသခံများက ပြောပြီး ယင်းသတင်းကို ၎င်းထံ တင်ပြလာသည်ဟု ကွတ်ခိုင်မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင် က ပြောသည်။
ထိုသတင်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ခရီးစဉ် ရှိနေ၍ အသေးစိတ်မဖြေဆိုနိုင် သေးကြောင်း ၎င်းကဆက်လက် ပြောသည်။ ကချင်လက်နက် ကိုင်အဖွဲ့ (KIA) အဖွဲ့နှင့် တအာင်းအဖွဲ့ (PSLF/TNLA) တို့သည် နံနက် ၈ နာရီခန့်တွင် မန်ကောင်းကျေးရွာသို့ ရောက်ရှိ လာပြီး ကြံခုတ်အလုပ်သမားနှစ် ရာခန့်ကို ဖမ်းဆီးပြီးနောက်လမ်း ၌ လူတစ်ရာကျော် ပြန်လွှတ်ပေးခဲ့ ကြောင်း အမည်မဖော်လိုသော ဒေသခံအချို့က ပြောသည်။
KIA ပြောရေးဆိုခွင့်ရ ဗိုလ် ချုပ်ကြီးအဆင့်ရှိ နော်ဘူသို့ ဆက်သွယ်မေးမြန်းရာ KIA/TNLA ပူးပေါင်းအဖွဲ့က အရပ် သား ၇၀ ဦးကို ဖမ်းဆီးသွားသည် ဆိုသော သတင်းကို အင်တာနက် သတင်းများတွင် တွေ့ရပြီး မြေပြင်မှ သတင်းမပို့၍ အတည်မပြုနိုင် သေးဟု ပြောသည်။
‘‘ကျွန်တော်တို့ဘာမှမကြား သေးဘူး။ အွန်လိုင်းမှာတော့တွေ့ ရတယ်။ မြေပြင်သတင်း မတက် တဲ့အခါကျတော့ ကျွန်တော်တို့ ကို ဘာမှအကြောင်းမကြားတဲ့အ ခါကျတော့ အတည်ပြုပြောလို့ မရပါဘူး’’ ဟု၎င်းကပြောသည်။
TNLA ပြောရေးဆိုခွင့်ရ တာအိုက်ကျော်နှင့် တာဘုန်း ကျော်တို့ထံ ယမန်နေ့က ဆက် သွယ်သော်လည်း အဆက်အ သွယ်မရခဲ့ပေ။
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲဖြစ် ပွားနေသော ရှမ်းပြည်နယ်မြောက် ပိုင်းဒေသတွင် အရပ်သားဖမ်းဆီး ခံရမှုများ မကြာခဏဖြစ်ပေါ်နေ သည်။
ရှမ်းပြည်နယ် ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းလက်နက်ကိုင် အဖွဲ့ (TNLA) ပူးပေါင်းအဖွဲ့တို့ သည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်လွယ်ရွာတွင် မတ်လ ၁ ရက်က ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ ၁၀ ဦး ပျောက်ဆုံးနေသည်။ ဖေဖော်ဝါရီ လအတွင်းကလည်း ကွမ်လုံမြို့ နယ်ကျေးရွာအချို့မှ အရပ်သား ၁၆ ဦးကို ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA က ဖမ်းဆီးခဲ့ရာ ယနေ့အထိ လွတ်မြောက်ခြင်း မရှိသေးပေ။ နမ့်ခမ်းမြို့နယ်တွင် လည်း အရပ်သားကိုးဦးကို TNLA က ဖေဖော်ဝါရီလအတွင်း ဖမ်း ဆီးသွားရာ ပြန်လည်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆို ထားသည်။
အရပ်သားများကို ဖမ်းဆီး နေသည့် လက်နက်ကိုင်အဖွဲ့များ ၏ လုပ်ရပ်ကို ဒေသတွင်း တိုင်း ရင်းသားအရေး လှုပ်ရှားသူများ နှင့် ဒေသခံတိုင်းရင်းသားများက လည်း ရှုတ်ချနေကြသည်။
7Day
0 comments:
Post a Comment