Thursday, March 14, 2019

ဒုတိယအကြိမ် ကျောက်စိမ်းထိပ်သီး အစည်းအဝေးတွင် မြန်မာ-တရုတ် သဘောတူညီချက်ငါးချက် လက်မှတ်ရေးထိုး


နေပြည်တော်၌ ပြုလုပ်သည့် ဒုတိယအကြိမ် အာရှဒေသတွင်း ကျောက်စိမ်း ထိပ်သီးအစည်းဝေးတွင် မြန်မာနိုင်ငံကျောက်စိမ်း အချောထည်ဈေး ကွက် ပိုမိုခိုင်မာစေရေးအပါအဝင် သဘောတူညီချက် ငါးချက်ကို မြန်မာနှင့် တရုတ်ကုမ္ပဏီများ လက်မှတ်ရေးထိုးခဲ့သည်။ 
မတ်လ ၁၄ ရက်က နေပြည် တော် Hotel Max ၌ ပြုလုပ်သည့် အဆိုပါအစည်းဝေးတွင် ကျောက်စိမ်းအချောထည်လုပ်ငန်းလုပ် ကိုင်နေသည့် တရုတ်ကုမ္ပဏီ ၂၀ ကျော်ပါဝင်သော အဖွဲ့နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ 

သဘောတူညီချက်များအ ဖြစ် အဖိုးတန်သယံဇာတပစ္စည်း များကို ပြည်သူအများစုအကျိုး ဖြစ်ထွန်းစေမည့် တာဝန်ခံမှုရှိ သော စီးပွားရေး အသိုက်အဝန်းတစ်ရပ် တည်ဆောက်ရန်၊ ကျောက်စိမ်း အချောထည်နှင့် လက်ဝတ်ရတနာကဏ္ဍဖွံ့ဖြိုးတိုး တက်ရေး ပြည်တွင်းဈေးကွက်ခိုင် မာတောင့်တင်းရန်နှင့် ပြည်ပသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် စ သည့် အချက်များပါဝင်သည်။ 

ထို့အပြင် နည်းပညာဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ ကျောက်စိမ်း အချောထည်ကဏ္ဍ ဖွံ့ဖြိုးတိုး တက်ပြီး အလုပ်အကိုင်အခွင့်အ လမ်း တိုးတက်ဆောင်ရွက်နိုင်ရန် နှင့် နိုင်ငံခြားငွေပိုမိုရရှိကာ ကုန် သွယ်မှုလိုငွေပြမှုကို လျှော့ချပေး နိုင်မည့် အချက်များလည်း ပါဝင် ကြောင်း အခမ်းအနားထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ 

‘‘ကျွန်တော်တို့ နိုင်ငံဟာ သယံဇာတထုတ်ကုန် ဘယ်ကမ္ဘာ့ နိုင်ငံနဲ့မှ မတူအောင် မြောက်မြား စွာ ထွက်ရှိတဲ့ နိုင်ငံဖြစ်တယ်ဆို တာ အားလုံးသိရှိတဲ့အတိုင်းဖြစ် ပါတယ်။ အများကြီးထွက်ပေမယ့် လည်း ကျွန်တော်တို့ရဲ့ဈေးကွက်၊ ကျွန်တော်တို့ရဲ့နည်းပညာအခြေ အနေကတော့ မိရိုးဖလာအဆင့် မှာပဲ ရှိနေပါသေးတယ်’’ဟု မြန် မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန် ဆာက ပြောသည်။ 

ယင်းသို့ နည်းပညာလိုအပ် ချက်များ အပါအဝင် နိမ့်ကျနေ သည့် ဈေးကွက်မြှင့်တင်နိုင်ရေး နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ကာ ပြည်ပသို့ ထိုးဖောက်ဝင် ရောက်နိုင်ရေး ယခုဖိုရမ်ကို ကျင်းပရခြင်းဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ပြောသည်။ 

ထို့အပြင် လုပ်ငန်းရှင်များ အနေဖြင့် နည်းပညာဆန်းသစ် တီထွင်မှုများဖြင့် ကျောက်မျက် ရတနာကဏ္ဍ တိုးတက်ရေး ဆောင်ရွက်ရန်နှင့် လူငယ်လူရွယ် များ အလုပ်အကိုင်အခွင့်အလမ်း များ ရရှိရေး အသက်မွေးဝမ်း ကျောင်း Vocational School များ တည်ထောင်နိုင်ရေး တိုက်တွန်းလိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်း မြင့်က ဆိုသည်။

7Day

0 comments:

Post a Comment