Thursday, March 14, 2019

ရွှေတိဂုံစေတီတော်ကို Smart Pagoda ဖြစ်အောင်လုပ်ဆောင်မည်ဟုဆို


ရွှေတိဂုံစေတီတော်ကို Smart Pagoda ဖြစ်သည်အထိ ဆောင်ရွက်မည်ဟု ရွှေတိဂုံစေတီ တော်ဂေါပကအဖွဲ့က ယမန်နေ့ တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ 
စေတီတော်တွင် အဆင့် မြင့်နည်းပညာများတပ်ဆင်ပြီး လူတစ်ယောက်ချင်းစီ၏ မျက်နှာ၊ လူဦးရေ၊ ကားနံပါတ်စသည်တို့ ကို မှတ်သားထားနိုင်သည့် အ ဆင့်အထိရောက်ရန် စီစဉ် ဆောင်ရွက်မည်ဖြစ်ကြောင်း စေ တီတော်ဂေါပကအဖွဲ့ စီမံဘဏ္ဍာ လုံခြုံရေးတာဝန်ခံ ဦးသောင်း ထိုက်ကဆိုသည်။ 

‘‘ရာဇ၀တ်မှုတွေလုပ်လို့မရ ဘူး လုပ်တာနဲ့ချက်ချင်းသိရမယ် ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတွေမ လုပ်နိုင်ရဘူး ကားနံပါတ်တွေကို မှတ်သားတာကအစ အဆင့်မြင့် နည်းပညာစနစ်တစ်ခုတပ်ဆင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ် Smart City နဲ့ Smart Pagoda နဲ့ Link ချိတ်ဆက်နိုင်အောင်ဆက် လုပ်မယ်’’ ဟု ၎င်းကဆက်လက် ပြောသည်။ 

အဆိုပါစနစ်အတွက် ပုဂ္ဂလိ က နည်းပညာကုမ္ပဏီများကို မကြာမီ တင်ဒါခေါ်ယူမည်ဖြစ်ပြီး ကာလအတိအကျကိုမူ ပြောဆို ခြင်းမရှိပေ။ 

‘‘မကြာခင်ပေါ့။ ဒါကအ ဆင့်ဆင့်သွားရမှာဆိုတော့ လုပ် ဖြစ်တဲ့အခါကျရင်ကျွန်တော်တို့ အသိပေးပါမယ်’’ ဟု ၎င်းကပြော သည်။ 

လက်ရှိတွင် ရွှေတိဂုံစေတီ တော်၌ သရုပ်ပျက်ဝတ်စား ဆင် ယင်မှုများ၊ မဖွယ်မရာပြုမှုများ ကို တားမြစ်ထားသော်လည်း အချို့ ပြုလုပ်နေပြီး ထိုကဲ့သို့အဂါ ရ၀မပြုလုပ်ရန် ဂေါပကအဖွဲ့က သတင်းစာရှင်း လင်းပွဲမှတစ်ဆင့် မေတ္တာရပ်ခံသည်။ 

စေတီတော်နှင့် သင့်လျော် သည့် အ၀တ်အစားမ၀တ်ဆင် လာသူများကိုစေတီတော်လုံခြုံ ရေးများက ပုဆိုးတစ်ထည် ကျပ်သုံးထောင် စပေါ်တင်ငှား ပေးသော်လည်း အချို့စပေါ်ငွေ မပါသောကြောင့် အလကား ငှားပေးရာထိုသို့အလကားငှား ပေးသည့် ပုဆိုးများကိုပြန်မပေး ဘဲယူဆောင်မှုများ ရှိနေကြောင်း ရွှေတိဂုံစေတီတော်ရုံး အဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောသည်။ 

‘‘အဲဒီလို ပျောက်သွားတဲ့ ပုဆိုးတစ်လကို အထည် ၂၀ လောက်ရှိပါတယ်’’ ဟု ၎င်းက ပြောသည်။ 

ရွှေတိဂုံ စေတီတော်ကို Smart Pangoda အဖြစ်ဆောင် ရွက်လျှင် အမှုအခင်းများနှင့် မသင်္ကာစရာဖြစ်ရပ်များကို စိစစ် မှတ်တမ်းတင်နိုင်မည်ဟုဂေါပက အဖွဲ့ဝင်များကပြောသည်။

7Day

0 comments:

Post a Comment