Monday, March 4, 2019

မြို့ပြရာဇ၀တ်မှုများကို ကာကွယ်တားဆီးရန်အဆိုလွှတ်တော်တွင် ဆွေးနွေးမည် မူးယစ်ဆေးဝါး ပေါများလာခြင်းကြောင့် ရာဇ၀တ်မှုများ ထူပြောလာဟု ဆွေးနွေး

မြို့ပြများတွင်ရာဇ၀တ်မှုများ ဖြစ်ပေါ်နေမှုကို ကာကွယ်တားဆီးနိုင်ရေး ဦးစား ပေးအဆင့်ဖြင့် ဆောင်ရွက်ပေးရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကိုဆွေးနွေးရန် ယမန်နေ့ တွင်ကျင်းပသည့် ပြည်သူ့လွှတ် တော်အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။ 
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဝေါမြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးတင်ထွေး ကတရားဥပဒေစိုမိုးပြီး ပြည်သူလူ ထု၏ လူနေမှု ဘ၀လုံခြုံမှုရှိစေရန် ရည်ရွယ်တင်သွင်းသည့် ယင်း အဆိုကိုဆွေးနွေးရန် လွှတ်တော် ကိုယ်စားလှယ် အားလုံးက ထောက်ခံခဲ့သည်။ 

လူသတ်မှု၊ မုဒိမ်းမှု၊လုယက် မှု၊ ခိုးမှုများအပါအ၀င် ရာဇ၀တ်မှု များသည် မြို့ကြီးပြကြီးများသာမ က နိုင်ငံတစ်ဝန်းတွင် နေ့စဉ်ကဲ့သို့ ဖြစ်နေသည်ကို တွေ့ရကြောင်း ဦးတင်ထွေးက ဆွေးနွေးသည်။ ရာဇ၀တ်မှုများသည် အချိန်ကြာ လာသည်နှင့်အမျှ တိုး၍ဖြစ်ပေါ် လာသည်ကိုတွေ့ရကြောင်း ၎င်း ကပြောသည်။ 

‘‘ဒီဟာတွေနဲ့ပတ်သက်လို့ အစိုးရက ထိန်းချုပ်နိုင်မှုအားနည်း လို့ ရာဇ၀တ်မှုတွေဖြစ်ပါတယ် ဆိုပြီးတော့ အစိုးရကိုပါ တစ်ဆင့် တိုးတက်ပြီးတော့ အပြစ်ပြောလာ တာကိုတွေ့ရတာဖြစ်ပါတယ်’’ဟု ဦးတင်ထွေးကဆွေးနွေးသည်။ 

ရဲတပ်ဖွဲ့ဝင်များက တာဝန် မကျေခြင်းနှင့် တာဝန်ယူမှုအား နည်းခြင်းတို့ကြောင့် ရာဇ၀တ်မှု များတိုး၍ ဖြစ်လာသည်ဟု ပြော ကြားမှုများလည်းရှိကြောင်း၊ မြန် မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်ပြည်သူ လူထုဘ၀လုံခြုံမှုကို ကာကွယ် ပေးရမည့်လက်နက်ကိုင်အဖွဲ့အ စည်းဖြစ်သော်လည်း တပ်ဖွဲ့ဝင် အင်အားနှင့်လုပ်ငန်းလုပ်ကိုင်ရ သည့်အနေအထားများအရ လူထု ဘ၀လုံခြုံမှုကို အချိန်နှင့်တစ်ပြေး ညီမဆောင်ရွက်နိုင်သည်ကို တွေ့ ရကြောင်း ၎င်းကဆိုသည်။ 

‘‘ရဲတပ်ဖွဲ့ဝင်တွေဟာ လူ သတ်မှုဖြစ်ရင် အလောင်းကောက် ရတဲ့အဆင့်၊ ဖောက်ထွင်းမှုဖြစ်ရင် ပစ္စည်းစာရင်း သွားယူရတဲ့အ ဆင့်၊ ပြစ်မှုကျူးလွန်ပြီးမှ တရားခံ ကို လိုက်ဖမ်းရတဲ့အဆင့် အဲဒီလို အလုပ်တွေကိုပဲ လုပ်နေရတာကို တွေ့ရပါတယ်။ ကြိုတင် ကာ ကွယ်နိုင်တဲ့အဆင့် သူတို့မှာ မတွေ့ရပါဘူး’’ဟု ဦးတင်ထွေးက ပြောသည်။ တစ်ဖက်ကကြည့် မယ်ဆိုပါက ရဲတပ်ဖွဲ့ဝင်အင်အား နည်းပါးနေသည်ဟုလည်း ၎င်းက ထောက်ပြသည်။ 

ဦးတင်ထွေး၏ အဆိုကို မကွေးတိုင်းကံမမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန် ဟန်က ထောက်ခံဆွေးနွေးခဲ့ရာ ကျေးလက်နှင့်မြို့ပြများ၌ ရာဇ ၀တ်မှုများနေ့စဉ်နှင့် အမျှဖြစ်ပွား နေခြင်းက တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကို ညွှန်ပြနေခြင်း ဖြစ်ကြောင်း၊ ရာဇ၀တ်မှုများထူ ပြောလာခြင်းသည် စားဝတ်နေ ရေး ကျပ်တည်းမှုတစ်ခုတည်း ကြောင့်မဟုတ်ဘဲ မူးယစ်ဆေးဝါး ပေါများလာခြင်းနှင့်လည်း သက် ဆိုင်ကြောင်း ဆွေးနွေးသည်။ 

‘‘အရင်တုန်းက မူးယစ်ဆေး ၀ါးဆိုတာ နယ်စပ်ဒေသမြို့တွေ မှာသာရရှိသော်လည်း ယခုအခါ မြို့ကြီးတွေမှာ၊ ကွမ်းယာဆိုင်တွေ မှာ ကျေးရွာ၊တောရွာတွေမှာက အစ အလွယ်တကူဝယ်ယူရရှိပါ တယ်။ အလွယ်တကူဝယ်ယူရရှိ လို့လည်းပဲတိုးပွားလာတဲ့ လူငယ် လူရွယ်တွေ မူးယစ်ဆေးဝါးများ စွာသုံးတဲ့အတွက်ကြောင့် မူးယစ် ဆေးဝါး သုံးစွဲဖို့လိုအပ်နေတဲ့ ငွေ ကြေးတွေအတွက် ဖုန်းလုတာ တွေ၊ ပိုက်ဆံအိတ်လုတာတွေ ဆိုင်ကယ်လုတာတွေစသဖြင့် ဒါ မျိုးတွေအများဆုံးဖြစ်ပါတယ်’’ဟု ၎င်းကဆိုသည်။ 

မူးယစ်ဆေးဝါးများစွာ ဖမ်းဆီးရမိသည့် သတင်းများကိုတွေ့ ရသော်လည်း ကိုင်းဖျားကိုင်းနား  ကိုသာမိပြီး ပင်မကိုမဖြိုနိုင်သရွေ့ မူးယစ်ဆေးဝါးများပေါနေပြီး ရာ ဇ၀တ်မှုများ ထူပြောနေမည်ဟု ဦးစိန်ဟန်ကဆွေးနွေး သည်။ 

ပြည်သူလူထုဘ၀ကို အနီးကပ်အကာကွယ်ပေးရမည့်ရဲတပ်ဖွဲ့အင်အား ပြည့်ဝစေရေး ဖြည့် ဆည်းပေးရန်လိုကြောင်း၊ပြည်သူ့ ဘ၀လုံခြုံရေးကို စိတ်စေတနာရှိ စွာ၊ အဂတိကင်းစွာဖြင့် ဆောင် ရွက်လိုစိတ်ရှိသည့် ရဲတပ်ဖွဲ့ဝင် များဖြစ်ရေး ဆောင်ရွက်ရန်လို အပ်ကြောင်း လွှတ်တော်ကိုယ်စား လှယ်ကအကြံပြုသည်။ 

ဦးတင်ထွေးတင်သွင်းသည့် အဆိုကိုလက်ခံဆွေးနွေးရန် သင့်၊ မသင့်လွှတ်တော်၏ ဆန္ဒရယူရာ ကိုယ်စားလှယ်အားလုံးက ဆွေး နွေးရန်သဘောတူ၍ အဆိုကို ဆွေးနွေးရန် ဆုံးဖြတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်က ကြေညာသည်။ ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များအ နေဖြင့် မတ်လ ၅ ရက်တွင် အ မည်စာရင်း တင်သွင်းနိုင်ကြောင်း ၎င်းကပြောကြားသည်။

7Day

0 comments:

Post a Comment