Monday, March 4, 2019

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရှစ်ဦးခန့်အပ်ရန် သမ္မတကလွှတ်တော်၏သဘောတူညီမှုတောင်းခံ


နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရှစ်ဦးခန့်အပ်ရန် ယနေ့ကျင်းပနေသောပြည်ထောင်စုလွှတ်တော်သို့ သဘောတူညီချက်တောင်းခံလိုက်သည်။ 
ဦးညွန့်စိန်၊ဦးသက်ထွန်း၊ဦးမြင့်အောင်၊ဦးစောဒန်နီရယ်ဂျီ၊ ဦးအောင်စိုးဝင်း၊ ဦးသန်းအောင်၊ ဦးမင်းဆွေနှင့်ဦးဆွေတင့်လွင်တို့၏ ကိုယ်ရေးအကျဉ်းအားသမ္မတက လွှတ်တော်နာယကထံ ပေးပို့ခဲ့သည်။ 

ကန့်ကွက်လိုသူရှိပါက မတ်၇ရက်ညနေနောက်ဆုံးထား စာရင်းပေးရမည်ဖြစ်သည်။ 

ကန့်ကွက်လိုသည့်လွှတ်တော်ကိုယ်စားလှယ်မရှိပါက ခန့်အပ်ခြင်းနှင့်ကန့်ကွက်သူရှိပါကကန့်ကွက်သည့်အဆိုတင်ခြင်းအားမတ်၈ရက်တွင်ကျင်းပမည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်းနာယကက ကြေညာသည်။

The Myanmar Times

0 comments:

Post a Comment