ရွှေတိဂုံစေတီမြတ်ကြီးသို့ ဘုရားဖူးလာသူများအနေဖြင့် ကျပ်ထုတ်နေသည့် အဝတ်အစားများနှင့် အပေါက်အပြဲ အဝတ်အစားများ မဝတ်ရန် ဂေါပကအဖွဲ့က မေတ္တာရပ်ခံလိုက်သည်။
မတ်လ ၁၄ ရက်က ရွှေတိဂုံစေတီ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုလို မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။
“ ပူးပေါင်းကူညီဖို့ပါပဲ။ လာတဲ့အခါမှာတော့ ကျပ်ထုတ်နေတဲ့ ပေါက်ပြဲနေတဲ့ မသင့်တော်တဲ့ ဟိုက်တဲ့၊ ပေါ်နေတဲ့ ဟာတွေ မဝတ်ပါနဲ့။ ဝတ်လို့ ကျွန်တော်တို့က တဘက်ရယ်၊ ပဝါရယ်၊ ပုဆိုးရယ် လုံချည်ရယ် ပေးတဲ့အခါမှာ ပူးပေါင်းကူညီပေးပါ။ ပြောလိုက်တဲ့အခါ ပြဿနာက ဖြစ်တာများတယ်။ အွန်လိုင်းပေါ်မှာ ရေးတာတွေများလာတဲ့အခါကျတော့ စိတ်ထဲမကောင်းဘူးပေါ့။ မှန်တာလည်း ပါသလို မမှန်တာလည်း တော်တော်များများပါတယ်။ ကုသိုဖြစ်အောင် အားလုံးပူးပေါင်းကူညီကြပါ”ဟု ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ဦးသောင်းထိုက်က ပြောသည်။
ကမ္ဘာ့အံ့ဖွယ်၊ မြန်မာ့အံ့ဖွယ်ဘုရားဖြစ်သည့်အတွက် ဘုရားဖူးပြည်သူများအနေဖြင့် အဂါရဝမဖြစ်ရေန် ပူးပေါင်းကူညီကြရန်လည်း ၎င်းက ပြောသည်။
အမြင်မတော်သည့် အဝတ်အစားများ ဝတ်ဆင်လာပါက ပုဆိုး၊ လုံချည်များနှင့် ပြောင်းလဲဝတ်ဆင်ခိုင်းပြီး ငွေကျပ် ၃၀၀၀ သို့မ ဟုတ် အာမခံကပ်ပြားတစ်ခုခု အာမခံထားရှိရမည်ဖြစ်ပြီး ပုဆိုး၊လုံချည်များ ပြန်လည်အပ်နှံပါက အာမခံထားရှိငွေ ပြန်လည်ပေး ဆောင်ကြောင်း ဂေါပကအဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဆောင်းတန်းလေးသွယ်တွင် ဘုရားဖူးပြည်သူများ အဂါရဝဖြစ်စေသည့် ဝတ်စားဆင်ယင်လာပါက ရှာဖွေရေး ဂတ်တစ်ခုလျှင် ပု ဆိုး ၁၀ ထည်၊ လုံချည် ၂၀ ထည်ထားရှိပြီး ရှာဖွေရေးဂိတ် ၇ ခုအတွက် ပုဆိုး ၇၀ ထည်နှင့် လုံချည် ၁၄၀ ထည်ထားရှိပေး ထား ကြောင်း သိရသည်။
ချမ်းငြိမ်း(အကုန်သိ သတင်းဌာ)








0 comments:
Post a Comment