အမေရိကန်နိုင်ငံရဲ့ အလယ်ပိုင်းလွင်ပြင် တနံတလျားဟာ ဆောင်းနှောင်းမုန်တိုင်းကြောင့် မတ်လ ၁၆ ရက်က မြစ်တွေတလျှောက် ရေကြီးရေလျှံပြီး လူနှစ်ဦး သေဆုံးကာ အိမ်တွေ လမ်းတွေ ရေအောက် မြုပ်ကုန်ပါတယ်။
ဒီသီတင်းပတ်အတွင်း နီဘရာစကာပြည်နယ်မှာ ရေကြီးမှုကြောင့် လူနှစ်ဦး သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ရေလမ်းကြောင်းတလျှောက် နေကြတဲ့ ဒေသခံတွေကတော့ ပင်လယ်အော်တဝိုက်မှာ ရေကြီးတာကို ထိန်းဖို့ သဲအိတ်တွေကို ဖြည့်ထားကြပါတယ်။
ဆောင်းရာသီ ဟာရီကိန်းမုန်တိုင်းကြောင့် ၂၄ နာရီအတွင်း လေထုဖိအားက ၂၄ မီလီဘားထိ ကျဆင်းလို့ ဗုံးကြဲသလို ရုတ်တရက် မိုးရွာချတဲ့အတွက် ဒီမုန်တိုင်းကို ဗုံးဆိုင်ကလုန်းလို့ မိုးလေဝသ ပညာရှင်တွေက ခေါ်ကြပါတယ်။
မုန်တိုင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်က နိုင်ငံအနောက်ပိုင်း ရော့ကီးစ် တောင်တန်းတွေကနေ အလယ်ပိုင်းလွင်ပြင်ထိ တိုက်ခတ်ခဲ့ပါတယ်။
DVB







0 comments:
Post a Comment