ရုရှားပြည်ထောင်စုက ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းကို မတ်လ ၁၆ ရက်က ရောက်လာတယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာက ကြေညာပါတယ်။
ပြည်ထောင်စုစနစ်၊ ဒေသတွင်း မူဝါဒ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ မြောက်ပိုင်းရေးရာ ကော်မတီ ဥက္ကဋ္ဌ အိုလေး မယ်နီချန်ကို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယား အရာရှိတွေက ပြုံယမ်း နိုင်ငံတကာလေဆိပ်မှာ ကြိုဆိုခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာ ကေစီအန်အေက ပြောပါတယ်။
ဒီသတင်းကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်မှုတော့ မရှိပါဘူး။ အိုလေးဟာ ရုရှား – မြောက်ကိုရီးယား ချစ်ကြည်ရေး လွှတ်တော်ရေးရာအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားကို တည်ထောင်သူ ကင်မ်အီဆွန်းက ရုရှားကို ပထမဆုံး အလည်အပတ် ခရီးစဉ် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အနေနဲ့ရော၊ နှစ်နိုင်ငံကြား စီးပွားရေးနဲ့ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရပါ ရုရှားကိုယ်စားလှယ်အဖွဲ့ လာရောက် လည်ပတ်တာလို့လည်း ကေစီအန်အေက ပြောပါတယ်။
ရုရှား ကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ ၁၆ ကနေ ၂၁ ရက်ထိ မြောက်ကိုရီးယားမှာနေပြီး စီးပွားရေးနဲ့ဆိုင်တဲ့ အစည်းအဝေး အတော်များများကို တက်ရောက်ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ရုရှားအခြေစိုက် တက်စ်သတင်းဌာနက ထုတ်ပြန်ပါတယ်။
DVB







0 comments:
Post a Comment