Monday, March 18, 2019

ဝန်ကြီးဦးမြင့်မောင်ကို တနင်္သာရီတိုင်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် သမ္မတအဆိုပြု



တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် လက်ရှိခေတ္တဝန်ကြီး ချုပ်တာဝန်ထမ်းဆောင်နေသော ဦးမြင့်မောင်ကို အတည်ပြုခန့်အပ်ရန် နိုင်ငံတော်သမ္မတက တိုင်းလွှတ်တော်သို့ ယမန်နေ့တွင် အဆိုပြုလွှာပေးပို့ခဲ့သည်။ 


ထို့ကြောင့် နိုင်ငံတော်သမ္မတပေးပို့သည့် ဝန်ကြီးချုပ်အမည် စာရင်းကို လွှတ်တော်၏သဘောတူညီချက်ရယူရန် မတ်လ ၂၂ ရက်တွင် တနင်္သာရီတိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူ မည်ဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ 



ထိုသို့ ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံရသည့်အပေါ် ခေတ္တဝန် ကြီးချုပ်တာဝန်ယူထားသော အသက်(၄၆)နှစ်အရွယ် သယံဇာတ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ထံ မတ်လ ၁၈ ရက်က ဖုန်းဖြင့်ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပေ။ 



‘‘သူ(ဦးမြင့်မောင်)က အစိုးရအဖွဲ့မှာ ရိုးရိုးသားသားရှိတယ်။ အစိုးရအဖွဲ့ သုံးနှစ်ခရီးမှာ အတွေ့အကြုံရှိတယ်။ အတိတ်မှာရှိတဲ့ သင်ခန်းစာတွေယူပြီး ရှေ့ဆက်သွားမယ်ဆိုရင် သူက အသင့် တော်ဆုံးဖြစ်တယ်’’ဟု ဦးခင်မောင်အေးက မှတ်ချက်ပြုသည်။ 



တနင်္သာရီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ‘‘အစိုးရအဖွဲ့ထဲမှာလည်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းတဲ့ဝန်ကြီးလို့ ပြောလို့ရတယ်။ 



လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လည်း ပူးပေါင်းဆောင်ရွက်မှု ရှိတယ်။ ပြည်သူ့အသံကို နား ထောင်တဲ့ ဝန်ကြီးဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့တော့ ကြိုဆို ပါတယ်’’ဟု မှတ်ချက်ပြုသည်။ 



မတ်လ ၁၀ ရက်တွင် ယခင် တနင်္သာရီဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိ လိုက်စားမှုဖြင့် ဖမ်းဆီးအမှုဖွင့် ထားပြီးနောက် လစ်လပ်နေ သော ဝန်ကြီးချုပ်နေရာ၌ တိုင်း အစိုးရအဖွဲ့ဝန်ကြီး ဦးမြင့် မောင်အား ခေတ္တဝန်ကြီးချုပ် အဖြစ် တာဝန်ပူးတွဲထမ်းဆောင် ရန် နိုင်ငံတော်သမ္မတက မတ်လ ၁၁ ရက်တွင် တာဝန်ပေးအပ် သည်။ 



ဝန်ကြီးချုပ်အသစ်အဖြစ် အဆိုပြုခံရသည့် ဝန်ကြီးဦးမြင့် မောင်သည် တနင်္သာရီတိုင်း ဒီချုပ် ပါတီအလုပ်အမှုဆောင်အဖွဲ့ အ တွင်းရေးမှူးဖြစ်ပြီး ၂၀၁၅ ရွေး ကောက်ပွဲတွင် ကော့သောင်းမြို့ နယ် မဲဆန္ဒနယ် အမှတ်(၂)တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခံထားရသူ ဖြစ်သည်။ ၎င်းသည် အိမ်ထောင် မပြုရသေးပေ။

7Day

0 comments:

Post a Comment