ကုန်ဈေးနှုန်းတက်ခြင်းသည် စားသုံးသူများက ကုန်းဈေးနှုန်းကို ထိန်း၍မရဘဲ ဥပဒေပြုသည့်သူများကသာ မူဝါဒ ကောင်းရန်လိုကြောင်း မတ် ၁၅ ရက်က ပြုလုပ်သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့တွင် မြန်မာစားသုံးသူများသမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင်က ပြောကြားခဲ့သည်။
စားသုံးသူများသည် ကုန်ဈေးနှုန်းကို ထိန်း၍မရဘဲ ဥပဒေပြုသည့်သူများကသာ မူဝါဒကောင်းများ ရှိရန်လိုကြောင်း၊ ကုန်ထုတ်စွမ်းအား ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များသည်လည်း ကျင့်ဝတ်နှင့်အညီ ကုန် ထုတ်လုပ်မှုများ ရှိလာလျှင် ကုန်ဈေးနှုန်းကို ထိန်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကုန်ဈေးနှုန်းကို ထိန်းတယ်ဆိုတာ ကျွန်တော်တို့စားသုံးသူက ဘာမှမတတ်နိုင်ဘူး။ စားသုံးသူက ကုန်ဈေးနှုန်းကိုသွားထိန်းလို့ မရဘူး။ ကုန်ဈေးနှုန်းကို တကယ်ထိန်းတာက ဥပဒေပြုတဲ့သူတွေရဲ့ မူဝါဒတွေ ကောင်းဖို့လိုတယ်။ ပြီးတော့ အဲဒီကုန်ထုတ်စွမ်းအားကို ထုတ်လုပ်နေတဲ့လုပ်ငန်းရှင်တွေအနေနဲ့ပိုပြီးတော့ တာဝန်ရှိဖို့ ပိုပြီးတော့ ကျင့်ဝတ်နဲ့အညီ ထုတ်လုပ်ကုန်တွေ ရှိလာလို့ရှိရင် ကျွန်တော်တို့က ကုန်ဈေးနှုန်းကို ထိန်းနိုင်မှာပေါ့” ဟု ဦးမောင်မောင်က ပြောကြားသည်။
ယခုအချိန်သည် ကုန်ဈေးနှုန်းနှင့် ပတ် သက်ပြီး အချက်အလက်များ ပြည့်ပြည့်စုံစုံ မရှိကြောင်း၊ အခွန်အခဆိုလျှင်လည်း လျှော့ပေးသည့်အခွန်ရှိပြီး နိုင်ငံတော်၏ဘဏ္ဍာ ထဲကို ဝင်သွားသည့် အခွန်မျိုးမဟုတ်ဘဲ ဝန်ထမ်းများ၏ အိတ်ထဲကိုသာ ဝင်သွားသည့် အခွန်များလည်းရှိကြောင်း ဦးမောင်မောင်က ဆက်လက်ပြောကြားသည်။
“အခုချိန်မှာတော့ ကုန်ဈေးနှုန်းကို မထိန်းနိုင်ဘူးဆိုတာက ကုန်ဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ရလာနိုင်တဲ့ အချက်အလက်တွေဟာ ကျွန်တော်တို့ ပြည့်ပြည့်စုံစုံ ရနေတာမရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အခွန်အခဆိုရင်လည်း ပြင်ပမှမဆိုင်တဲ့အခွန်၊ တရားဝင်နိုင်ငံတော်ရဲ့ ဘဏ္ဍာထဲကို ဝင်သွားတဲ့ အခွန်မျိုးမဟုတ်ဘဲနဲ့ ဒီဝန်ထမ်းတွေရဲ့အိတ်ထဲကို ဝင်သွားတဲ့ အခွန်တွေလည်း ရှိတယ်ပေါ့။ တစ်နည်းအားဖြင့်ပြောရင် အဂတိပေါ့” ဟု ၎င်းက ဆက် လက်ပြောကြားသည်။
Eleven Media Group






0 comments:
Post a Comment