Saturday, March 16, 2019

နယူးဇီလန် ဗလီပစ်ခတ်မှု သေဆုံးသူ ၅၀ အထိ ရောက်ရှိလာသလို ဒဏ်ရာရရှိသူ ၁၁ ဦးမှာလည်း စိုးရိမ်စရာဖြစ်နေ


နယူးဇီလန်နိုင်ငံရှိ ဗလီနှစ်ခုကို ပြီးခဲ့သည့် သောကြာနေ့က လူဖြူဝါဒီသမား သြစတေးလျ နိုင်ငံသား ဘရန်တန် တာရန်ဆိုသူက စက်သေနတ်ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့မှု သေဆုံးသူ ၅၀ ဦးရှိလာခဲ့ပြီး ဒဏ်ရာ ရရှိသူ အယောက် ၅၀ နီးပါးတွင် ၁၁ ဦးမှာလည်း စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိနေကြောင်း နယူးဇီလန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ 
တိုက်ခိုက်သူ အသက် ၂၈ နှစ်အရွယ် ဘရန်တန် တာရန်ဆိုကို ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ပြီး စနေနေ့က လူသတ်မှုဖြင့် စွဲချက်တင်ထားသလို အခြား နှစ်ဦးကိုလည်း မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးနေဆဲ ဖြစ်သည်။ 

ယခုကဲ့သို့ အစုလိုက် အပြုံလိုက်တိုက်ခိုက်မှုသည် နယူးဇီလန် နိုင်ငံတွင် ပထမဦးနှင့် အဆိုးရွားဆုံး ဖြစ်ကြောင်း နယူးဇီလန်ရဲတပ်ဖွဲ့ ရဲမှူးကြီး မိုက်ဘုရှ်က ဆိုသည်။ 
သေနတ်သမားက လျှောက်လဲချက် မပေးသေးဘူး။ သူ့ကို ဧပြီလ ၅ ရက်နေ့မှာ နောက်တကြိမ် တရားရုံး ထုတ်မယ်။ ဖြစ်ပါတယ်။ မသင်္ကာသူ ၂ ယောက်ကိုလည်း အမှုနဲ့ ပတ်သက်မှု ရှိ မရှိနဲ့ စုံစမ်းစစ်ဆေးနေပါတယ်'' ဟု ၄င်းက ပြောကြားခဲ့သည်။ 
နယူးဇီလန်နိုင်ငံ ခရိုက်စ်ချာ့ခ်ျမြို့ရှိ ဗလီနှစ်ခုအား တိုက်ခိုက်နေမှုကို တိုက်ခိုက်သူ ကိုယ်တိုင်က live လွှင့်ကာ လူမှုကွန်ရက်ပေါ် တင်ခဲ့ရာ ကမ္ဘာတစ်ဝှမ်းမှ ကြည့်ရှုသူများ တုန်လှုပ်ခြောက်ခြားခဲ့ရသည်။ 

အဆိုပါ လူသတ်သမားကို လူသတ်မှုအပြင် အခြား ပုဒ်မများဖြင့်လည်း စွဲဆိုသွားဖွယ် ရှိနေသည်။ 


နေဝန်း
Isee Media 

0 comments:

Post a Comment