Wednesday, March 27, 2019

ငြိမ်းချမ်းရေး ဆိုင်ကယ်ခရီးစဉ် စတင်


နိုင်ငံအတွင်းရှိ အထင် ကရမြို့ကြီးများသို့ တစ်ပတ်ကြာ ခရီးနှင်မည့် ငြိမ်းချမ်းရေးဆိုင် ကယ်ခရီးစဉ် ‘Peace Bike Tour’အဖြစ် ရန်ကုန်-မန္တလေးအမြန် လမ်း လမ်းဆုံ (မိုင်တိုင် သုည)မှ မတ်လ ၂၇ ရက်နံနက်တွင် စတင်ထွက်ခွာခဲ့သည်။ 
ယင်းခရီးစဉ်ကို ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူများနှင့် ဆိုင်ကယ်ချစ်သူများအဖွဲ့က စီစဉ် ခြင်းဖြစ်ကာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်ရေး၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေး နွေးအဖြေရှာရေးနှင့် ငြိမ်းချမ်း ရေးဖြစ်စဉ်တွင် လူထုပါဝင်မှုမြှင့် တင်ရေးရည်ရွယ်ပြုလုပ်ခြင်းဖြစ် ကြောင်း ပွဲစီစဉ်သူများက ပြော သည်။ 

ခရီးစဉ်ကို ရန်ကုန်မြို့မှ ဆိုင် ကယ်အစီးရေ ၂၀ ခန့်ဖြင့် စတင် ပြီး ဆိုင်ကယ်စီးသူများက ‘Stop the fight, Let's Ride’ ဟူသော စာတန်းပါ ဆင်တူတီရှပ်များ ဝတ် ဆင်၍ ပါဝင်ဆင်နွှဲသည်။ ခရီးစဉ် တစ်လျှောက် နေပြည်တော်၊ လွိုင်ကော်၊ ဆီဆိုင်၊ ဟိုပုံး၊ တောင်ကြီး၊ မိုင်းရှူး၊ ကျောက်မဲ၊ နောင်ချို၊ ပြင်ဦးလွင်နှင့် မန္တလေးမြို့တို့သို့ သွားရောက်မည်ဖြစ်ပြီး မိုင်၁,၅၀၀ ကျော် ခရီးနှင်ခြင်း ဖြစ် ကြောင်း စီစဉ်သူတစ်ဦးဖြစ်သည့် ကိုသက်ဆွေဝင်းက ပြောသည်။ 

‘‘ကျွန်တော်တို့ဆိုင်ကယ်သ မားတွေ၊ ဆိုင်ကယ်စီးအုပ်စုတွေ ဟာ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုး သူတွေဖြစ်တယ်၊ မြန်မာနိုင်ငံ ကြီးငြိမ်းချမ်းရေးအတွက် တစ် ထောင့်တစ်နေရာက ပါဝင်ချင်ကြ သူတွေဖြစ်တယ်ဆိုတာကို သက် သေထူဖို့အတွက် ကျွန်တော်တို့ တွေရဲ့ညီညွတ်မှုကို ဒီခရီးစဉ်က တစ်ဆင့် ခေါင်းဆောင်တွေဆီ အတူတကွ ထုတ်ဖော်ပြဖို့အတွက် ခရီးစဉ်တစ်လျှောက်မှာ ရှိတဲ့ ငြိမ်းချမ်းရေးလိုလားသူ ဆိုင်ကယ်စီး အုပ်စုတွေကို ဝင်ရောက်ပါဝင် ပူးပေါင်းပေးကြဖို့အတွက် အ လေးအနက် ဖိတ်ခေါ်ပါတယ်’’ ဟု Peace Bike Tour စီစဉ်သူ များက ထုတ်ပြန်သည်။ 

နယ်မြို့များမှ ဆိုင်ကယ်ချစ် သူများလည်း ပါဝင်ဆင်နွှဲနိုင်သ ဖြင့် ခရီးစဉ်တွင် ဆိုင်ကယ်စီးရေ၁၀၀ ကျော် ပါဝင်မည်ဟု ခန့်မှန်း ကြောင်းနှင့် ခရီးစဉ်အတွက် ကုန် ကျစရိတ်များ မျှဝေကျခံမည် ဖြစ် ကြောင်း စီစဉ်သူများက ပြော သည်။ 

ဆိုင်ကယ်စီးခရီးစဉ်တွင် ပါ ဝင်နေသူများအနေဖြင့် မတ်လ ၃၀ ရက်တွင် တောင်ကြီးမြို့၌ ပြုလုပ်မည့် Voice of the Youth Event တွင် ပူးပေါင်းပါဝင်မည် ဖြစ်သလို လမ်းခရီးစဉ်အတွင်း တိုင်းရင်းသားခေါင်းဆောင်များ နှင့် တွေ့ဆုံနှုတ်ဆက်ခြင်း၊ ပင်လုံကျောက်တိုင်ဆီသို့ ဝင်ရောက် လေ့လာခြင်းတို့ ပြုလုပ်မည်ဖြစ် ကာ ခရီးစဉ်ပြီးဆုံးခြင်း အထိမ်းအမှတ်အနေဖြင့် မန္တလေးတွင် ငြိမ်းချမ်းရေးဂီတဖျော်ဖြေပွဲ ပြုလုပ်မည်ဖြစ်ကြောင်း စီစဉ်သူများ က ပြောသည်။ 

7Day

0 comments:

Post a Comment