သိန္နီမြို့နယ်တွင် ထိန်းချုပ်ဓါတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။
ဖြစ်စဉ်မှာ မတ် ၁၆ ရက် ၀၉၀၀ အချိန် တပ်မတော်သားများမှ သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ စယ်အူ-နမ့်ခိုက်ကားလမ်းမပေါ် တံတားအနီးတွင် ဇော်ဆန်း မောင်းနှင်ပြီး ဆိုင်စွမ်း လိုက်ပါလာသည့် လင်ခရူဇာအမျိုးအစား ခဲ/အဖြူရောင် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်၏အလယ်ခန်းနှင့် နောက်ဖုံး အတွင်းတို့မှ အက်စီတစ်အက်စစ် ၃၀၀ လီတာ၊ အရိုးမီးသွေး ၂၂၀ ကီလိုနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ဇော်ဆန်း(၂၃)နှစ်၊ဆိုင်စွမ်း(၁၉)နှစ် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
The Ladies News







0 comments:
Post a Comment