Tuesday, March 5, 2019

နေပြည်တော်အတွင်းရှိ မြေကွက်များကို မြေဌားဂရန်၊မြေဌားစာချုပ်များ ယခုလကုန်နောက်ဆုံးထားလျှောက်ကြရန်အသိပေး


နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲနေသောမြေကွက်များကိုယာယီချထားပေးသောလက်မှတ်နှင့် မြေပေးမိန့်များအစား မြေဌားဂရန်နှင့်မြေဌားစာချုပ်များ ကိုယခုလကုန်နောက်ဆုံးလျှောက်ထားကြရန် နေပြည်တော်စည်ပင်မှ အသိပေးထားသည်။ 
"အဓိကက မူလပိုင်ရှင်ဆီကနေဒုတိယဝယ်တဲ့မြေပိုင်ရှင်တွေအနေနဲ့ တခါထဲအမည်ပြောင်းဂရန်လျှောက်ဖို့အတွက် ဖြေလျော့ပေးထားတဲ့ကာလပေါ့နော်။

ဒီလကုန်နောက်ဆုံးသတ်မှတ်ပေးထားတာပါ။ဒီလကုန်ပြီးသွားရင်တော့ မူလပိုင်ရှင်နာမည်နဲ့ဂရန်လျှောက်ပြီးမှအမည်ပေါက်ပြောင်းတာမျိုးလုပ်ရတော့မှာပါအဆင့်တွေပိုများလာမှာပေါ့နော်။ဒီကာလကတော့ အဲဒီအဆင့်တွေ ဖြေလျော့ပေးထားချိန်ပါ"ဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီမြို့ပြနှင့်မြေယာစီမံခန့်ခွဲမှုဌာန တာဝန်ရှိသူတစ်ဦးကဆိုသည်။ 

သတ်မှတ်ကာလအတွင်း မြေပေးမိန့်လက်မှတ်များကိုမြေဌားဂရန်အဖြစ်လျှောက်ထားခြင်းမပြုပါကမြေကွက်များကို မူလမြေပိုင်ရှင်အမည်ပေါက်ဖြင့်သာဂရန်လျှောက်ထားနိုင်မည်ဖြစ်သည်။ 

နေပြည်တော်အတွင်းမြို့ကွက်သစ်များချပေးရာတွင်ယာယီမြေပေးမိန့်လက်မှတ်များ ဖြင့်ချထားပေးခဲ့ခြင်းဖြစ်ပြီး ယခုလကုန်နောက်ဆုံးထားပြီး မြေဌားဂရန်ထုတ်ပေးခြင်းကိုစီမံချက်ကာလဖြင့်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ 

Popular News Journal 

0 comments:

Post a Comment