Monday, March 4, 2019

တံတားဦးမြို့နယ် အမြန်လမ်းမကြီး၌ မော်တော်ယာဉ် ၁ စီး ဘရိတ်ရှုးကပ်၍ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်


တံတားဦးမြို့နယ် အမြန်လမ်းမကြီး၌ မတ်လ ၄ ရက်က ခရီးသည်တင် မော်တော်ယာဉ် ၁ စီး ဘရိတ်ရှုးကပ်၍ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ် ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 
တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၃၄၆/၅-၆)ကြား၌ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ကျော်သူ (၃၃)နှစ် တောင်မြို့ရပ်ကွက်၊ အမရပူရမြို့နယ်နေသူ မောင်းနှင်ပြီး ခရီးသည် ၄၂ ဦး(ကျား ၃၂၊ မ ၁၀) လိုက်ပါ လာသော MDY-1F/×××× ရွှေလမင်းခရီးသည်တင်ယာဉ်သည် ဝဲနောက်ဘီး ဘရိတ်ရှူးကပ်၍ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ မော်တော်ယာဉ် ၁ စီး ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်သူအား စကားအင်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၂၇၉(မီးပေါ့ဆမှု/ ယာဉ်မဆင်မခြင်မောင်းနှင်မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

The Ladies News

0 comments:

Post a Comment