ကင်ဂျုံနမ်ကို သတ်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဗီယက်နမ်သူ ဒုံသီဟောင်ကို မလေးရှားတရားရုံးမှာ မတ်လ ၁၄ ရက်နေ့က ရုံးထုတ်ခဲ့ပါတယ်။
ဒုံသီဟောင်နဲ့အတူ စွပ်စွဲခံရတဲ့ အင်ဒိုနီးရှားသူ ဆီတီ အိုက်ရှာကို မတ်လ ၁၁ ရက်ေန့က လွှတ်ပေးပြီးနောက် ဗီယက်နမ်အစိုးရက ဒုံသီဟောင်ကိုလည်း လွှတ်ပေးဖို့ မလေးရှားကို တိုက်တွန်းခဲ့ပါတယ်။
ဒုံသီဟောင်နဲ့ ဆီတီအိုက်ရှာတို့ဟာ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အဖေတူအမေကွဲ အစ်ကိုတော်စပ်သူ ကင်ဂျုံနမ်ရဲ့ မျက်နှာကို VX အဆိပ် သုတ်လိမ်း သတ်ဖြတ်တယ်ဆိုပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက ကွာလာလမ်ပူလေဆိပ်မှာ အဖမ်းခံရပါတယ်။
သူတို့နှစ်ဦးစလုံးက စွပ်စွဲချက်ကို ငြင်းဆိုပြီး နောက်ပြောင်ကျီစယ်တဲ့ တီဗွီအစီအစဉ်မှာ ပါဝင် သရုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။
ကင်ဂျုံနမ် သတ်ဖြတ်မှုမှာ စွဲချက်တင်ထားတဲ့ မြောက်ကိုရီးယား ၄ ဦးဟာလည်း လုပ်ကြံမှုအပြီး နာရီပိုင်းအတွင်း မလေးရှားကနေ ထွက်ပြေးသွားပါတယ်။
DVB







0 comments:
Post a Comment