Thursday, March 28, 2019

ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရသည့် မိုဇမ်ဘစ်နိုင်ငံတွင် ကာလဝမ်းရောဂါဖြစ်ပွား


မိုဇစ်ဘစ်နိုင်ငံ ဘေးရာဆိပ်ကမ်းမြို့မှာ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း အိုင်ဒေးရဲ့ဒဏ်ကို ခံစားရအပြီး နောက်ဆက်တွဲအနေနဲ့ ကာလဝမ်းရောဂါ ဖြစ်ပွားမှု ငါးခုရှိနေပြီလို့ အာဏာပိုင်တွေက မတ်လ ၂၇ ရက်ေန့မှာ ပြောပါတယ်။ 
ဆိုင်ကလုန်းမုန်တိုင်း အိုင်ဒေးဟာ မတ်လ ၁၄ ရက်နေ့က မိုဇမ်ဘစ်နိုင်ငံကို စတင်ဝင်ရောက်လာပြီး အိမ်နီးချင်း ဇင်ဘာဘွေနိုင်ငံနဲ့ မာလာဝီနိုင်ငံကို ဆက်လက်ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် စုစုပေါင်း လူအယောက် ၇၀၀ ကျော် သေဆုံးခဲ့ပါတယ်။ 

ဒါ့အပြင် သိန်းချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး မြေဧရိယာ အကျယ်အဝန်း ၁၂၀၀ စတုန်ရန်းမိုင် ပျက်စီးခဲ့ပါတယ်။ 

လက်ရှိ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာ ကာလဝမ်းရောဂါ မပြန့်ပွားရေး တိုးမြှင့်ဆောင်ရွက်နေပါတယ်။ 

လူငါးဦးမှာ ကာလဝမ်းရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး အဲဒီရောဂါဟာ လူမှုပတ်ဝန်းကျင်အတွင်း အများကြီး ကူးစက်နိုင်တယ်လို့ မိုဇမ်ဘစ် အကြီးတန်း ကျန်းမာရေးအရာရှိတဦးက သတင်းထောက်တွေကို ပြောပါတယ်။ 

လက်ရှိမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ ကာလဝမ်းရောဂါ ရှေ့ပြေးလက္ခဏာတခုဖြစ်နိုင်တဲ့ ဝမ်းပျက်ဝမ်းလျှောလူနာ ၂၇၀၀ ကို ကုသပေးနေရပါတယ်။ 

အဲဒါကြောင့် အစိုးရဟာ ဘေးရာမြို့ ဆေးရုံမှာ ကာလဝမ်းရောဂါကုသရေး စင်တာကိုလည်း ဖွင့်လှစ်ပေးထားပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကာလဝမ်းရောဂါ ကာကွယ်ဆေး သောက်ဆေး ၉ သိန်းကျော်ကို ဒီသီတင်းပတ်ထဲမှာတင် သင်္ဘောနဲ့ တင်ပို့ပေးသွားမယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ 

အိုင်ဒေးမုန်တိုင်းကြောင့် မိုဇမ်ဘစ်နိုင်ငံမှာ သေဆုံးသူအရေအတွက် ၄၆၈ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အရာရှိတဦးက ပြောပါတယ်။

DVB

0 comments:

Post a Comment