ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ဘင်္ဂါလီကျေးရွာကို ဆင်သေပြင် ဘင်္ဂလီကျေးရွာ၊ ထိပ်တူးပေါက်ဘဂါင်္လီကျေးရွာတွေက စစ်ဘေးရှောင် ၆၃၆ ဦးရောက်ရှိလာတယ်လို့ ဖုံညိုလိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းနိုင်က ပြောပါတယ်။
“မတ်လ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ ဘဂါင်္လီစစ်ပြေးဒုက္ခသည် ၆၃၆ ဦး ဖုံညိုလိမ်ကျေးရွာ ဘဂါင်္လီကျေးရွာကို ရောက်ရှိနေပါတယ်။ လောလောဆယ်တော့ သူတို့ကို ဖုံညိုလိပ် ဘင်္ဂါလီကျေးရွာတွေမှာ နေရာချပေးထားပါတယ်။ တရပ်ကွက်မှာ ၃၀/၄၀ ပေါ့လေ။ သူတို့နဲ့ နီးစပ်ရာဆွေမျိုးတွေဆီမှာ နေကြသူတွေလည်းရှိတယ်။ လူကယ်ပြန်ကတော့ ဆန်တွေ လာထောက်ပံ့ပါတယ်။ ဖုံညိုလိပ်က ရခိုင်ရွာသူ/သားတွေကတော အားလုံးနီးပါး ဘူးသီးတောင်မြို့က ဒုက္ခသည်စခန်းတွေနဲ့ နီးစပ်ရာဆွေမျိုးတွေထံ ထွက်ပြေးသွားကြပါပြီ။”
ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာ ရပ်ကွက် ၁ ရှိ ကျေးလက်ဆေးပေးခန်းအနီးမှာ မတ် ၂၅ ရက် ည ၆ နာရီကျော်အချိန်က လက်နက်ကြီး ကျရောက်လို့ ကျန်းမာရေးဝန်ထမ်း ကြီးကြပ် ၂ ဦးနိုင်နိုင်အောင်ရဲ့ ဇနီးဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဆင်သေပြင်ဘဂါင်္လီကျေးရွာမှ ဘဂါင်္လီ ၃ ဦးလည်း လက်နက်ကြီး ကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း ဆင်သေပြင်ကျေးရွာမှ မာမတ်အီဆပ်က ပြောပါတယ်။
“မတ် ၂၅ ရက်နေ့က လက်နက်ကြီး ကျည်ကျလို့ ကျနော်တို့ ဆင်သေပြင်မှာလည်း ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ပွဲတွေကလည်း အဆက်မပြတ်ဖြစ်နေတယ်ဆိုတော့ ကျနော်တို့လည်း မနေရဲတောဘဲ အခုလိုထွက်ပြေးလာတာပါ။”
ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာမှာ ရခိုင် နဲ့ ဘဂါင်္လီ အိမ်ခြေ စုစုပေါင်း ၈၀၀ ကျော်ရှိကာ ရခိုင် အိမ်ခြေ ၃၀ သာရှိကြောင်း သိရပါတယ်။ ၂၀၁၇ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှိနိုင်ငံဘက်ကို ထွက်သွားတဲ့ ဘဂါင်္လီမိသားစု မိသားစု ၃၀၀ ကျော် ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
DVB
0 comments:
Post a Comment