Friday, March 8, 2019

အယ်လ်ဂျီးရီးယား သမ္မတ ရာထူးကနုတ်ထွက်ရန် ဆန္ဒပြတောင်းဆို


အယ်လ်ဂျီးရီးယား မြို့လယ်ကောင်မှာ အနက်ရောင်ဝတ်ရုံတွေ ဝင်ဆင်ထားကြတဲ့ ရာချီတဲ့ ရှေ့နေတွေ စုဝေးပြီး သမ္မတ အက်ဘ်ဒဲလာဇ်စ် ဘာအူတယ်လီကာကို ရာထူးကနုတ်ထွက်ဖို့ မတ်လ ၇ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ 
သမ္မတသက်တမ်း ၅ ကြိမ်ဆက်တိုက် တာဝန်ထမ်းဆောင်နေတဲ့ ဘာအူတယ်လီကာဟာ ဧပြီလ ရွေးကောက်ပွဲမှာ ထပ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေတာကြောင့် ပြည်သူတွေက ဆန္ဒပြနေကြတာပါ။ 

အသက် ၈၂ နှစ်အရွယ် သမ္မတဟာ လေဖြတ်ဝေဒနာ ခံစားခဲ့ရတဲ့ ၂၀၁၃ ကတည်းက အများပြည်သူရှေ့ကို တခါတရံမှသာ ထွက်လာလေ့ရှိပြီး ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က ဆေးရုံတရုံမှာ လက်ရှိ အနားယူနေပါတယ်။ 

အသက်အရွယ်ကြီးပြီး ကျန်းမာရေးချို့တဲ့နေပေမယ့် သမ္မတဟာ ဧပြီ ၁၈ ရက်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းသွင်းပြီးပါပြီ။ 

အယ်လ်ဂျီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းသုံးပတ်ကတည်းက သမ္မတကို ရွေးကောက်ပွဲ ဝင်မပြိုင်ရေး ဆန္ဒပြပွဲတွေလုပ်ခဲ့ပြီး ပြည်သူတွေအပြင် ကျောင်းသားတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ 

လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေကြောင့် တိုင်းပြည် မတည်မငြိမ် ဖြစ်လာနိုင်တယ်လို့ သမ္မတ ဘာအူတယ်လီကာက မတ်လ ၇ ရက်နေ့မှာ ပထမဆုံး သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

DVB

0 comments:

Post a Comment