Thursday, March 14, 2019

ဘင်္ဂလားဒေ့ရှ်သို့ပို့မည့် စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းခွဲကျော်နှင့် ဘင်္ဂါလီနှစ်ဦးကို နတ်မြစ်အတွင်း ဖမ်းမိ


မောင်တောမှ ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ ပို့မည့်ကျပ်သိန်း သုံးထောင်ကျော်တန်ဖိုးရှိ စိတ် ကြွရူးသွပ်ဆေးပြား တစ်သိန်းခွဲ ကျော်နှင့် ဘင်္ဂါလီနှစ်ဦးကို ဖမ်းမိ ခဲ့သည်။ 

ယင်းစိတ်ကြွရူးသွပ်ဆေး ပြားများနှင့် ဘင်္ဂါလီနှစ်ဦးကို မတ် လ ၁၂ ရက်တွင် နတ်မြစ်အတွင်း ဦးစောလှကျွန်းအနီး၌ လှေတစ် စီးနှင့်အတူ ဖမ်းမိခြင်းဖြစ်ကြောင်း နယ်ခြားစောင့်ရဲအရာရှိတစ်ဦးက ပြောသည်။ 

‘‘ရေတပ်က ဖမ်းမိတာဖြစ်ပါ တယ်။ သူတို့က လှေတစ်စီးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကူး နေတဲ့အချိန်မှာ ကင်းလှည့်နေ တဲ့ရေတပ်က ဖမ်းမိတာဖြစ်ပါ တယ်’’ ဟု အထက်ပါရဲအရာရှိက ပြောသည်။ ဖမ်းမိသူများနှင့်စိတ်ကြွ ရူးသွပ်ဆေးပြားများကို မူးယစ်အ ထူးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပြီး ငါးခူရနယ်မြေရဲစခန်းက မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေ အရ မူးယစ်ဆေးဝါးများသယ် ယူပို့ဆောင်ခြင်း၊ ပြည်ပသို့ တင် ပို့ခြင်းနှင့် ပူးပေါင်းကြံစည်ခြင်း ပုဒ်မများဖြင့် အမှုဖွင့်ထားသည်။ 

အလားတူ မတ်လ ၁၃ ရက် က စစ်တွေမြို့သို့ ပို့ဆောင်မည့် ကျပ်သိန်းသုံးသောင်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို တောင်ငူ လေးမိုင် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့သည်။

7Day 

0 comments:

Post a Comment