မတ်လ ၁၃ ရက်တွင် ကွန်ရက်အသုံးပြုမှု ပြတ်တောက် ခြင်းမှာ DDoS တိုက်ခိုက်ခံရခြင်း (ကွန်ရက်တစ်ခုလုံးကို ရပ်တန့် အောင် တိုက်ခိုက်သည့်နည်း စနစ်) မဟုတ်ကြောင်း Facebook ကုမ္ပဏီက ယင်းနေ့ ည ၁၂ နာရီ ခန့်တွင် ထုတ်ပြန်သည်။
Facebook ကုမ္ပဏီက Twitter ကွန်ရက် အသုံးပြု၍ယင်း သို့ထုတ်ပြန်ခြင်းဖြစ်ပြီး ၎င်း၏ လူမှုကွန်ရက်ဆက်သွယ်ရေးစနစ် သည် တစ်ကမ္ဘာလုံးအတိုင်းအ တာ ပြတ်တောက်ခြင်းဖြစ်သော် လည်း ယင်းသို့ဖြစ်ပွားရသည့် အ ကြောင်းရင်းကို ထုတ်ပြန်ခြင်းမရှိ ပေ။ Facebook လူမှုကွန်ရက် သည် မတ်လ ၁၃ ရက် ညနေတွင် မြန်မာနိုင်ငံ၌ စတင်ပြတ်တောက် မှုဖြစ်ပွားပြီး မတ်လ ၁၄ ရက် နေ့လယ်တွင် ပြန်လည်ကောင်း မွန်ခဲ့သည်။
ကွန်ရက်ပြတ်တောက်မှုဖြစ် ပွားရာတွင် အသုံးပြုသူတစ်ဦးနှင့် တစ်ဦးတူညီမှုမရှိဘဲ အကောင့် ဝင်ရောက်မှု အဆင်မပြေခြင်း၊ ဗီဒီယိုဖော်ပြမှု အဆင်မပြေခြင်း၊ သဘောထားမှတ်ချက်ပေးရန် အ ဆင်မပြေခြင်း အစရှိသဖြင့် ကွဲ ပြားခြားနားသည်ဟု အသုံးပြုသူ များက ပြောသည်။
မတ်လ ၁၃ ရက် ဆိုရှယ် မီဒီယာကွန်ရက် ပြတ်တောက်မှု တွင် Facebook တစ်ခုတည်းသာ မဟုတ်ဘဲ Instagram နှင့်WhatsApp များလည်း တစ်ပြိုင်တည်းပြတ်တောက်ခဲ့သည်ဟု နိုင်ငံတကာမီဒီယာများ၌ ဖော်ပြသည်။
7Day






0 comments:
Post a Comment