Thursday, March 14, 2019

ကမ်းခြေစောင့်‌တပ်ဖွဲ့ ဖွဲ့စည်းနိုင်ခြင်းမရှိသေးမီ မြန်မာ့ပင်လယ်ပြင် ရေကြောင်းလုံခြုံရေးအတွက် တပ်မတော်(ရေ)မှေ ဆာင်ရွက် လျက်ရှိ


မြန်မာ့ကမ်းခြေစောင့်‌တပ်ဖွဲ့ ဖွဲ့စည်းနိုင်ခြင်းမရှိသေးမီ ရေယာဉ် ဝင်/ထွက်သွားလာမှု များပြားရှုပ်ထွေးပြီး ထောက်လှမ်း စောင့်‌ကြပ်စိစစ်ခွဲခြားရန် ခက်ခဲသည့်‌ရေကြောင်းလမ်းများအား တပ်မတော်(ရေ)အနေဖြင့်‌ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်‌ ချိတ်ဆက်ပူးပေါင်း၍ မြန်မာ့ပင်လယ်ပြင် ရေကြောင်း လုံခြုံရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း ကာကွယ်ရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က မတ်လ ၁၃ ရက်တွင်ပြောသည်။ 
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးက မြန်မာ့ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် လုံခြုံရေးအင်အား တိုးမြှင့်ပေးခြင်း နည်းပညာအပါအဝင် အခြေခံလိုအပ်ချက်များ တိုးမြှင့်ထောက်ပံ့ ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့မှုအားပြန်လည်ဖြေကြားရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ကမ်းခြေစောင့်‌တပ်ဖွဲ့ဖွဲ့စည်းပြီးပါက တပ်မတော်၏ ကွပ်ကဲမှုဖြင့်‌ မြန်မာနိုင်ငံကမ်းခြေစောင့်‌ တပ်ဖွဲ့၊ မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့၊ အကောက်အခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ရေကြောင်း ပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေအရင်းအမြစ်နှင့်‌ မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနစသည့်‌ ရေကြောင်းဆိုင်ရာအဖွဲ့အစည်းများမှ ကျွမ်းကျင်သူကိုယ်စားလှယ် များပါဝင်သော Integrated Command Central(ICC)တစ်ခု ဖွဲ့စည်းတည်‌ထောင်၍ တပ်မတော်(ရေ)ဦးဆောင်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား သတင်းအချက်အလက်များရယူ ဖလှယ်ကာ အချိန်နှင့်‌တစ်ပြေး ညီ ဆုံးဖြတ်တုံ့ပြန်ဆောင် ရွက်ခြင်းဖြင့်‌ မြန်မာ့ပင်လယ်ပြင်အား ပိုမိုလုံခြုံစိတ်ချစွာ ကာကွယ် စောင့်‌ရှောက် သွားနိုင်မည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မြင့်နွယ် ကပြောသည်။ 

ထို့အတူ တပ်မတော် (ရေ) အနေဖြင့်‌ မြန်မာ့ပင်လယ်နှင့်‌ ကမ်းရိုးတန်းတစ်လျှောက် စစ်ဆင်ရေး၊ နယ်မြေလုံခြုံရေးနှင့်‌ တရားဥပဒေစိုးမိုးရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေး 
အန္တရာယ်ကျရောက်သည့်‌ နေရာများကို လူသားချင်း စာနာ ထောက်ထားမှုကူညီပေးရေး စသည့်‌လုပ်ငန်းတာဝန်များကို စစ်ရေယာဉ် များဖြင့်‌ သက်ဆိုင်ရာရေပြင်ဧရိယာများအလိုက် ဆောင်ရွက်လျက်ရှိကြောင်းလဲ ဗိုလ်ချုပ်မြင့်နွယ်က ဆက်လက်ပြောကြားခဲ့သည်။ 

photo - တပ်မတော်- ရေ 
The Ladies News


0 comments:

Post a Comment