ပြည်ပ ရွှေ့ပြောင်း အမျိုးသမီးလုပ်သား အများစုသည် လုပ်အားခေါင်းပုံ ဖြတ်ခံရမှုနှင့် လူကုန်ကူးမှုကိုအမြဲကြုံတွေ့နေရ ဟု အလုပ်သမား ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ပြည်ပနိုင်ငံများသို့ ရွှေ့ ပြောင်းလုပ်ကိုင်သည့် အရေအ တွက်၏ ရာခိုင်နှုန်း၎ဝသည် အ မျိုးသမီးများဖြစ်ပြီး ၄င်းတို့သည် အမျိုးသားများလောက် လုပ်ခ လစာ မရခြင်း၊ ဥပဒေနှင့်အညီအကျိုးခံစားခွင့်မရရှိခြင်း စသည့် ပြဿနာများနှင့် ကြုံတွေ့နေရ ကြောင်း မတ်လ၁၄ရက်နေ့၊ နေ ပြည်တော် သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့ှ်ေ်န ညေိငေမ အာဆီယံဒေသတွင်းရှိ အမျိုးသမီး ရွှေ့ပြောင်း အလုပ်သမားများအ တွက် အခွင့်အရေးများနှင့် အခွင့် အလမ်းများရရှိခြင်း အမျိုးသားစီမံ ကိန်းအကြံပေးအစည်းအဝေးဖွင့်ပွဲ အခမ်းအနား၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးသိန်းဆွေက အထက် ပါအတိုင်း ပြောဆိုခဲ့ကြောင်း သိရ သည်။
"အဓိကကတော့ အမျိုးသမီး လုပ်သားတွေဟာ လုပ်ခလစာနဲ့ ပတ်သက်ပြီး အမျိုးသားတွေ လောက်မရဘူး။ ဥပဒေနဲ့အညီ ခံစားခွင့်တွေမရရှိဘူး။ ဒါ့အပြင် ပိုပြီးတော့မှ အခက်အခဲကတော့ အိန္ဒိယ နိုင်ငံအချို့နဲ့အခြားနိုင်ငံ အချို့မှာ အမျိုးသမီးရွှေ့ပြောင်းအ လုပ်သမားတွေ လူကုန်ကူးခံရတာ တွေ၊ လုပ်အားခေါင်းပုံဖြတ်တာ တွေ အမြဲတမ်းကြုံတွေ့နေရ တယ်။ ဒါတွေကိုလည်း မိမိနိုင်ငံ ရဲ့အစီအစဉ်နဲ့ အခြားဝန်ကြီးဌာန တွေနဲ့ ချိတ်ဆက်ဆောင် ရွက်နေ သလို အိမ်နီးချင်းနိုင်ငံတွေနဲ့ လည်း ချိတ်ဆက်ပြီးတော့ ဒီကိစ္စ တွေ လျော့ပါးဖို့ ဆောင်ရွက်နေ ပါတယ်။ ဖော်ထုတ်ဖမ်းဆီးရမိတဲ့ လူကုန်ကူးမှုတွေ၊ လုပ်အားခေါင်း ပုံဖြတ်တာတွေကိုလည်း သက် ဆိုင်ရာဝန်ကြီးဌာနနဲ့ ပူးပေါင်း အရေးယူနေပါတယ် " ဟု ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
မြန်မာလုပ်သားများပြည်ပ သို့ စနစ်တကျသွားရောက် လုပ် ကိုင်နိုင်ရန် ၁၉၉၉ ခုနှစ် ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေ နှင့် အညီ စည်းကြပ်ဆောင်ရွက်နေပြီး လက်ရှိ ပြည်ပအလုပ်သမား တိုင် ကြားမှုများအရလည်း အလုပ် သမားသေဆုံးမှု၊ အလုပ်ရှင် ^အ လုပ်သမား အလုပ်ခန့်ထားမှုဆိုင် ရာသဘောတူစာချုပ်ဖောက် ဖျက်မှု၊ ဝန်ဆောင်ခပေးပြီးလုပ် ငန်းခွင်သို့ မသွားရမှု၊ ပွဲစားများ လိမ်လည်မှုများရှိနေကြောင်း ၎င်းင်း ကပြောသည်။
MP/Democracytoday







0 comments:
Post a Comment