လွှတ် တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များတွင် လုပ်ငန်းစဉ်အဆင့်ဆင့် ကို တိကျစွာဖော်ပြထားသော် လည်း ဥပဒေကို လမ်းလွဲသွေဖည် ပြီး ငါတို့ပြောသလိုသာလုပ်၊ မလုပ်ရင်လည်း များရာဆန္ဒမဲနဲ့ပဲ ဆုံး ဖြတ်မယ်ဆိုတဲ့ သဘောမျိုး သက် ရောက်နေကြောင်း တပ်မတော် သား ကိုယ်စားလှယ် ဒုတိယဗိုလ် မှူးကြီး ခင်မောင်သန့်က ပြော ကြားခဲ့သည်။
မတ် ၁၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်(၁၁)ကြိမ် မြောက် အစည်းအဝေး (၁၅) ရက် မြောက်နေ့အစီအစဉ်တွင် ဖွဲ့စည်း ပုံအခြေခံဥပဒေကိုဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေမူကြမ်းလေ့လာစိစစ်ရေးပူပေါင်းကော်မတီအစီရင်ခံစာအပေါ်ဆွေးနွေးရာ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
"အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပ ဒေမှာ တိတိကျကျဖွင့်ဆိုပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ လွှတ်တော် ဆိုင်ရာဥပဒေ၊ နည်းဥပဒေများမှာ လည်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို တိကျစွာ ဖော်ပြထားပြီးဖြစ်ပါ တယ်။ ရှင်းရှင်းလင်းလင်းဖော်ပြ ထားလျက်နဲ့ ဥပဒေကိုလမ်းလွှဲ သွေဖည်ပြီး ငါတို့ပြောသလိုသာ လုပ်၊ မလုပ်ရင်လည်း များရာ ဆန္ဒ မဲနဲ့ပဲဆုံးဖြတ်မယ်ဆိုတဲ့သဘောသက်ရောက်နေတယ်လို့ ယူဆပါ တယ်" ဟု ဒုတိယဗိုလ်မှူးကြီး ခင် မောင်သန့်က ပြောကြားခဲ့သည်။
အစီရင်ခံစာမှာဖော်ပြထားသည့်အကြောင်းအရာတွေကို လေ့ လာသည့်အခါ ပြင်ဆင်ဖို့တင်ပြသည့်ဥပဒေကြမ်းဖြစ်ပါကြောင်း၊ပုဒ်မ၊ ပုဒ်မခွဲတွေအပေါ်မှာ ပြင် ဆင်ဖို့ ဆွေးနွေးမှုများ၊ သဘော ထားမှတ်ချက်များကို တိတိကျကျ ဖော်မပြထားဘဲ ပုဒ် မ-၂၆၁ ကို ပြင်မယ်ဆိုရင် ဆက်နွှယ်နေသည့် ပုဒ်မတွေကို စိစစ်ရမည်။ (၂၁) ရာစုပင်လုံညီလာခံမှ အတည်ပြု ပြီးဖြစ်သည့် ပြည်ထောင်စု သဘော တူစာချုပ်အစိတ်အပိုင်း(၁)နှင့် ကိုက်ညီမှုရှိဖို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁)က စတင်ပြင်ဆင် မှသာ ပုဒ်မ-၂၆၁ပြင် ဆင်ချက်နှင့် ရှေ့နောက်ညီညွတ်မှုရှိမည်။ ပုဒ်မ တစ်ခုချင်းစီကိုပြင်လျှင် ပြင်ရမည့် ဥပဒေကြမ်းတွေကို လွှတ်တော် ကို ဥပဒေမူကြမ်း ကို ပြုစုတင်ပြ လာခြင်းဖြစ်ပါကြောင်း၊ အဆိုပါ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီမှသာ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်း ဥပဒေ-၁၃၅ အရ လေ့လာစိစစ်ရမှာ ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၃ တွင် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုပြင်ဆင် လိုပါက အောက်ဖော်ပြပါသတ် မှတ်ထားသောနည်းလမ်း အတိုင်း ဆောင်ရွက်ရမည်ဟု ဖော်ပြထား သည့် အတွက် ဥပဒေတစ်ရပ်ရပ် ကိုပြင်ဖို့ ဥပဒေနှင့်အညီသာ ဆောင် ရွက်နေတာဖြစ်ပါကြောင်း၊ အခြေ ခံဥပဒေ၏ နိဒါန်းပုဒ်မ-၁ မှ ပုဒ်မ ၄၅၇ အထိနှင့် ဇယား(၁)မှ(၅)အထိပါရှိချက်တွေအားလုံးကိုပြင် တာမဟုတ်ပါကြောင်း၊ ရှေ့ရောက် ပြီးဖြစ်နေသည့်ဥပဒေနှင့်ညီသည့် တင်ပြချက်ကို ဘာကြောင့်နှောင့်နှေးအောင်လုပ်ချင်နေတာလဲ ဘာကြောင့်ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်ခွင့်မပေးလိုရ တာလဲဆိုတာကို မေးခွန်းထုတ် စရာဖြစ်နေပါကြောင်း ဒုတိယ ဗိုလ်မှူးကြီးခင်မောင်သန့်က ပြော ကြားခဲ့သည်။
MP/Democracytoday






0 comments:
Post a Comment