Monday, March 11, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်းဒေသကြီးခရီးစဉ်အတွင်း လမ်းညွှန် မှာကြားချက်များနှင့်ပတ်သက်သည့် ရှင်းလင်းပွဲပြုလုပ်


မတ်လ ၁၁ရက်နေ့ မွန်းလွဲပိုင်းက ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေးခန်းမတွင် တိုင်းအစိုးရဝန်ကြီးအချို့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်းဒေသကြီးခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များအနက် ကော့သောင်းခရိုင်နှင့်ပတ်သက် သော လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ 
ရှင်းလင်းပွဲသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံ ပြည်သူများ တက်ရောက်ခဲ့သည်ဟု သိရသည်။ 
ရှင်းလင်းပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီ တိုင်းဒေသကြီး ခရီးစဉ်အတွင်း ကော့သောင်းခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၏ဆွေးနွေးတင်ပြချက်များ အား ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ချပြရှင်းလင်းခဲ့သည်ဟု သိရသည်။


Isee Media 

0 comments:

Post a Comment