Wednesday, March 6, 2019

မိုင်းပျင်းတွင် လားဟူတိုင်းရင်းသား(၁၂၀၀)ဦး ဗုဒ္ဒဘာသာ အဆုံးအမခံယူပွဲနှင့် ရှင်အပါး(၁၆၇)ပါး ရှင်ပြုအခမ်းအနားကျင်းပ


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျင်းမြို့ရှိ ထေရ၀ါဒဗုဒ္ဓသာသနာပြှုဗဟိုကျောင်းတွင် မိုင်းပျင်းမြို့နယ်အတွင်းရှိရွာများမှလားဟူတိုင်းရင်းသား(၁၂၀၀)ဦး ဗုဒ္ဓဘာသာ အဆုံးအမခံယူပွဲ အခမ်းအနားကို မတ်လ ၄ရက်က ပြုလုပ်ခဲ့ကာရှင်အပါး(၁၆၇)ပါးကိုလည်း သာသနာဘောင်သို့သွတ်သွင်းပေးခဲ့ကြောင်း ယင်းကျောင်းတိုက်၏ဆရာတော် ဦးသီရိဓမ္မမှ မိန့်ကြားသည်။ 
အဆိုပါ ဗုဒ္ဒဘာသာအဆုံးအမခံယူပွဲကို မတ်လ ၄ ရက်မှစကာ ယနေ့(မတ်လ ၇ ရက်)အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မိုင်းပျင်းမြို့နယ်၊ တုံတာမြို့အနီးဝန်းကျင် ပန်ဝိုင်ကျေးရွာအုပ်စု နမ့်ပေါ်၊ နမ့်မူတက်၊ နမ်ချိုကျေးရွာအမှတ်(၁/၂/၃/၄)၊ နမ်းလားကျေးရွာတို့နှင့် နောင်ပွဲကျေးရွာအုပ်စု၊ တီလွယ်ကျေးရွာတို့မှ အိမ်ထောင်စု ၁၅၀ စု၊ လူဦးရေ ၁၂၀၀ ဦးတို့သည် မူလ မိရိုးဖလာကိုးကွယ်နေကြသည့် ရိုးရာနတ်ကိုးကွယ်မှု မှ မှဗ္ဒု္ဒဘာသာသို့ ကူးပြောင်းလာကြခြင်းဖြစ်ကြောင်း ဆရာတော်၏မိန့်ကြားချက်အရ သိရသည်။ 

”အလုပ်အကိုင်ကောင်းတယ်။ သီးနှံတွေအောင်မြင်တယ်။ ဘုရားပုံတော်တွေကိုလဲ အိပ်မက်မက်ကြလို့ တစ်ရွာလုံးဝင်ကြတယ်လို့ သိရတယ်။ သူတို့ကို သရဏဂုံတည်စေပြီး ဗုဒ္ဓသာသနာ အဆုံးအမခံယူစေခဲ့ပါတယ်”ဟု မိုင်းပျင်းမြို့၊ ထေရ၀ါသာသနာပြုဗဟိုကျောင်းဆရာတော် ဦးသီရိဓမ္မက မတ်လ ၆ ရက်က မိန့်ကြားသည်။ 

မိုင်းပျင်းထေရ၀ါသာသနာပြုဗဟိုကျောင်းဆရာတော်သည် ၂၀၁၁ခုနှစ်မှယခုအထိ လားဟူတိုင်းရင်းသားပေါင်း (၇၀၀၀)ကျော်ကို ဗုဒ္ဒဘာသာအဆုံးအမခံယူမှုပြုလုပ်ပေးခဲ့ပြီးဖြစ်သည်ဟု သိရသည်။ 



Oo Oo Zaw 
ဓာတ်ပုံ - ဦးအဂ္ဂဓမ္မ
Popular News Journal 

0 comments:

Post a Comment