အမေရိကန်ရေတပ်က လေယာဉ်တင်သင်္ဘောတစီး ဖိလစ်ပိုင်မြို့တော် မနီလာကို မတ်လ ၁၃ ရက်က ဆိုက်ရောက်လာပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း ခုတ်မောင်းရာက တရုတ်ရေတပ်နဲ့ ထိတွေ့အပြီး မနီလာကို ရောက်လာတာပါ။
တောင်ကိုရီးယားနဲ့ ဂျပန်က စစ်ဆင်ရေးတွေ အပြီးမှာ ယူအက်စ်အက်စ် ဘလူးရစ်ဂ်ျဟာ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းပြီး မနီလာပင်လယ်အော်ဆီကို ခုတ်မောင်းခဲ့ပါတယ်။
ပင်လယ်ထဲမှာ တရုတ်ရေတပ်နဲ့ တွေ့ချိန် ဘေးကင်း အဆင်ပြေအောင် ထိတွေ့ဆက်ဆံခဲ့တယ်လို့ ကွပ်ကဲရေးအရာရှိ အဲရစ်ခ် အန်ဒက်ခ်က ပြောပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်နဲ့ တရုတ်တပ်တွေကြား ဘယ်လိုဖြစ်ရပ်မျိုးအတွက်မဆို ဖိလစ်ပိုင်အစိုးရနဲ့ ချုပ်ဆိုထားတဲ့ အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အစပျိုးရာ ရောက်လိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက ပြောအပြီး သီတင်းပတ်အတွင်း လေယာဉ်တင်သင်္ဘော ရောက်လာခဲ့တာပါ။
အမေရိကန်နဲ့ မဟာမိတ် ဖိလစ်ပိုင်ဟာ ရေနံနဲ့ ဓာတ်ငွေ့ကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်အတွင်း ကျွန်းတွေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တခြားငါးနိုင်ငံနဲ့အတူ တရုတ်နဲ့ အငြင်းပွားမှုမှာ ပါဝင်ပတ်သက်နေပါတယ်။
DVB







0 comments:
Post a Comment