Wednesday, March 6, 2019

လူထုပါတီအမည်ဖြင့် မှတ်ပုံတင်ခြင်းအပေါ် ကန့်ကွက်ရန်မရှိဟု ဦးကိုကိုကြီးဆို


ပြည်သူ့ပါတီအမည်နှင့် ဆင်တူယိုးမှားဖြစ်စေနိုင်သည့် လူထုပါတီဟု မှတ်ပုံတင်ထားခြင်းအပေါ် ကန့်ကွက်ရန်မရှိကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက မြန်မာတိုင်းမ်နေ့စဉ်သို့ မတ် ၆ ရက်က ပြောဆိုသည်။ 
အမည်ပြောင်းလဲ 
စေ့စပ်ညှိနှိုင်းရေးနှင့် တည်ငြိမ်အေးချမ်းရေးပါတီသည် ၎င်းတို့၏ပါတီအမည်အား လူထုပါတီ(The Party For People) ဟု အမည် ပြောင်းလဲခြင်းကို ဖေဖော်ဝါရီ ၁၅ရက်က ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခြင်းနှင့်ပတ်သက်၍ ယင်းသို့ပြောဆိုခြင်းဖြစ်သည်။ 
လွတ်လွတ်လပ်လပ် 
"သူတို့လည်း သူတို့ကောင်းမယ်ထင်လို့ ရွေးချယ်ခဲ့တာဖြစ်တယ်။ မဲဆန္ဒရှင်တွေ ထင်ယောင်ထင်မှားမဖြစ်အောင်၊ ဆင်တူယိုးမှား မဖြစ် အောင် ကျွန်တော်တို့ကိုယ်တိုင်သတိပြုဆောင်ရွက်တယ်။ ပါတီဖွဲ့စည်း တည်ထောင်တယ်ဆိုတာ မလွယ်တဲ့ကိစ္စပါ။ ပါတီအချင်းချင်း ကိုယ် ချင်းစာပါတယ်။ အဲဒီတော့ သူတို့ ဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး ကော်မရှင်ကလည်း ဥပဒေ၊ နည်းဥပဒေရှိပြီးဖြစ်တဲ့အတွက် သူတို့ဘာ သာသူတို့ လွတ်လွတ်လပ်လပ်ပဲဆုံးဖြတ်ပါစေ"ဟု ဦးကိုကိုကြီးက ပြောဆိုသည်။ 
စောင့်ထိန်းမှု 
မိမိတို့အနေဖြင့် ပါတီအချင်းချင်းကိုယ်ချင်းစာကြောင်း၊ မိမိတို့ ပါတီ အနေဖြင့် ဖြစ်နိုင်ပါက ပါတီအချင်းချင်း ကန့်ကွက်ရသည့်ပုံစံကို မလုပ်ချင်ကြောင်း၊ ပါတီနာမည်ပြောင်းလဲတာထက် လူထုထောက်ခံ မှုက အဓိကဖြစ်ကြောင်း၊ အခြားပါတီတွေကိုလည်း ခိုင်ခိုင်မာမာနှင့် အားကောင်းလာစေချင်ကြောင်း၊ ပါတီများ အားကောင်းမှ ပါတီစုံ ဒီမိုကရေစီအားကောင်းမည်ဖြစ်ကြောင်း၊ ပါတီအချင်းချင်းကြား ကျင့် ဝတ်စောင့်ထိန်းမှုများ ရှိသင့်သည်ဟုမြင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ 
လုပ်ပိုင်ခွင့်ဥပဒေ 
"ကျွန်တော်တို့ ပြည်သူ့ပါတီတရားဝင်မှတ်ပုံတင်ရဖို့အထိကို ရှစ်လ ကျော်လောက်ကြာတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်းရှိပြီးသား ပါတီ တွေနဲ့ ဆင်တူယိုးမှားမဖြစ်အောင် ကျွန်တော်နာမည်ကို စဉ်းစားရတာ ရှိတယ်။ ကော်မရှင်ဘက်ကလည်း သူ့ရဲ့ဥပဒေ၊ နည်းဥပဒေမှာကို၌က ပါတီတစ်ခုဟာ တည်ဆဲပါတီတစ်ခုခု မှတ်ပုံတင်ထားသောပါတီအမည်၊ အလံ၊ တံဆိပ်နဲ့ဆင်တူနေလျှင် ပြောင်းလဲဖို့ ညွှန်ကြားတယ်ဆိုတာက ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ဥပဒေ ပြဋ္ဌာန်းထားတယ်"ဟု ဦးကိုကိုကြီးက ပြောဆိုသည်။ 
ကန့်ကွက်ခြင်းမဟုတ် 
ရှစ်လေးလုံးပါတီကို ပြည်သူ့ပါတီဟု အမည်ပြောင်းပေးခဲ့ရ ကြောင်း၊ ယင်းသို့ ပြောင်းလဲပေးလိုက်ရခြင်းကလည်း ပါတီများက ကန့်ကွက်ခြင်းမဟုတ်ကြောင်း၊ လူပုဂ္ဂိုလ်များက ကန့်ကွက်၍ဟုဆိုကာ ပြောင်းပေးလိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

The Myanmar Times

0 comments:

Post a Comment