ထိုင်းဘတ် ၄၂၈၁ သန်းကျော် အကုန်အကျခံဆောက်လုပ်ထားတဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားသစ်တည်ဆောက်ပြီးစီးခြင်း အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ကျန်းအိုချာတို့ တက်ရောက်ပါတယ်။
မြန်မာ-ထိုင်း နယ်စပ်မှာ ကုန်သွယ်မှုအများဆုံးနေရာဖြစ်လာမယ့် မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ် ၂ တံတားနဲ့လမ်း ဆောက်လုပ်ပြီးစီးသွားတဲ့ အထိမ်းအမှတ် အခမ်းအနားကို ဒီနေ့ မနက်ပိုင်းမှာ ကျင်းပရာမှာ နှစ်နိုင်ငံခေါင်းဆောင်တွေတက်ရောက် ခဲ့ကြတာပါ။
မြ၀တီနဲ့ မဲဆောက်ကို ဆက်သွယ်ထားတဲ့ ဒီတံတားသစ်ဟာ နှစ်နိုင်ငံအတွက် စီးပွားရေး သွက်လက်မြန်ဆန်စေဖို့နဲ့ ကုန်သွယ်မှုမြန်ဆန်စေဖို့ရည်ရွယ်ပြီး ၄ လမ်းသွားအဖြစ် ဆောက်လုပ် ထားတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံဘက်ကလမ်းဟာ အကွာအဝေး ၁၇ ကီလိုမီတာအရှည်ရှိပြီး မြန်မာဘက်မှာတော့ ၄ ကီလိုမီတာရှိကာ ထိုင်းအစိုးရက ထိုင်းဘတ် ၄၂၈၁ သန်းကျော် ကုန်ကျခံဆောက်လုပ်ခဲ့ တာဖြစ်ပါတယ်။
ဒီတံတားကြီးဟာ မြန်မာ-ထိုင်းနှစ်နိုင်ငံ စီးပွားရေးအတွက်သာမက ဒေသတွင်း နိုင်ငံတွေ အတွက်ပါ စီးပွားရေးအတွက် အသုံးပြုနိုင်မယ့် တံတားလည်းဖြစ်ပါတယ်။
သတင်း – ဖိုးစီ၊ ဓာတ်ပုံ – သန့်ဇင်အောင်၊ ကိုလင်း
DVB

















0 comments:
Post a Comment