တက္ကသိုလ်ဝင်စာမေးပွဲဖြေခန်းများတွင်အသုံးပြုမည့် တိုင်ကပ်နာရီများ ဝယ်ယူရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဖေဖော်ဝါရီ နောက်ဆုံးပတ်မှ မတ်လ ၂၁ ရက်အထိ အိတ်ဖွင့်တင်ဒါ ခေါ်ယူနေသည်။
မတ်လ ၆ ရက်တွင် ကျင်း ပမည့် တက္ကသိုလ်ဝင်စာမေးပွဲက စ၍ စာဖြေခန်းတိုင်းတွင် တိုင် ကပ်နာရီထားပေးရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက စီစဉ်နေပြီး ယခုတင်ဒါခေါ်ယူသည့် တိုင်ကပ် နာရီများကို ၂၀၂၀ တက္ကသိုလ် ဝင်စာမေးပွဲအတွက် အသုံးပြုရန် ရည်ရွယ်သည်ဟု အဆိုပါဦးစီး ဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုး ညွန့်က ပြောသည်။
‘‘ကျောင်းတော်တော်များ များကတော့ ရှိပြီးသား။ စာမေးပွဲ ချိန်မှာ ထုတ်မပေးလို့ အခုထုတ် ပေးခိုင်းထားတယ်။ ကျောင်းတိုင်း တော့ရှိချင်မှ ရှိမှာဆိုတော့ ဖြည့် ပေးဖို့ တင်ဒါထပ်ခေါ်ထားတာ။ စာစစ်ဦးစီးဌာန ဘက်ဂျက်နဲ့သက် သက်ဝယ်ဖြည့်မှာ’’ ဟု ဦးမျိုးညွန့် က ပြောသည်။
အိတ်ဖွင့်တင်ဒါပုံစံနှင့်စည်း ကမ်းချက်များကို မြန်မာနိုင်ငံစာ စစ်ဦးစီးဌာန ရုံးအမှတ် (၅၂) နေပြည်တော်တွင် ဝယ်ယူပြီး ထို ရုံး၌ပင် မတ်လ ၂၁ ရက်နောက် ဆုံးအိတ်ဖွင့်တင်ဒါတင်သွင်းရ မည်ဖြစ်သည်။
အချက်အလက်ထည့်သိမ်း နိုင်ပြီး အင်တာနက်ပါ အသုံးပြု နိုင်သည့် နာရီမျိုးကို စာဖြေခန်းအ တွင်း ယူလာကာ သိမ်းဆည်းထား သော အချက်အလက်များဖြင့် မ သမာဖြေဆိုခြင်း၊ နာရီတွင်ပါ သည့် ကင်မရာမှတစ်ဆင့်စာမေး ပွဲမေးခွန်းကို ဓာတ်ပုံရိုက်ယူကာ စာမေးပွဲမပြီးမီပြင်ပသို့ အင်တာ နက်ဖြင့် ချိတ်ဆက်ပေးပို့ခြင်းများ မရှိအောင် နာရီယူဆောင်ခွင့်ကန့် သတ်ရန် မြန်မာနိုင်ငံစာစစ်ဦစီး ဌာနက စီစဉ်နေသည်။
စမတ်နာရီများ ယူဆောင် လာပါက နှစ်အကန့်အသတ်မရှိ ဖြေဆိုခွင့်ပိတ်သိမ်းမည့် ပြစ်ဒဏ် သစ်ကို ယခုနှစ်စာမေးပွဲ စည်း ကမ်းချက်တွင် ထည့်သွင်းထား သည့်အပြင် စာဖြေနေစဉ် မည် သည့်လက်ပတ်နာရီကိုမျှ စာဖြေ သူများအား ဝတ်ဆင်ထားခွင့်မပြု ရန်ပါ စာမေးပွဲခန်းစောင့်ဆရာ၊ ဆရာမများအား ညွှန်ကြားထား သည်။ ထိုသို့ ကန့်သတ်မှုများ ကြောင့် စာဖြေသူများ အချိန်သိရှိ နိုင်ရေး စာဖြေခန်းတိုင်းတွင် တိုင် ကပ်နာရီစီစဉ်ထားပေးရန်နှင့် တိုင်ကပ်နာရီကို စာဖြေချိန်အ တွင်း အချိန်မှန်စေရေး မြန်မာ စံတော်ချိန်နှင့် တိုက်ထားပေးရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက စာစစ်ဌာန ကြီးကြပ်ရေးမှူးများ အား ညွှန်ကြားထားသည်။
7Day
0 comments:
Post a Comment