Thursday, March 7, 2019

ညကစာကျက်ပြီး စာမေးပွဲဖြေချိန် အိမ်မှာအိပ်ပျော်နေတဲ့ ကျောင်းသားကို ယာဉ်ထိန်းတပ်ဖွဲ့ သွားခေါ်ခဲ့ရ


ညကစာကျက်ထားတာကြောင့် စာမေးပွဲဖြေချိန်မှာ အိပ်ပျော်နေတဲ့ ကျောင်းသားတစ်ယောက်ကို ယာဉ်ထိန်းရဲ့ အိမ်တိုင်ရာရောက်သွားခေါ်ဆောင်ပြီး စာမေးပွဲခန်းကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ 
မတ်လ ၇ ရက်နေ့ အင်္ဂလိပ်စာ ဘာသာရပ်ဖြေဆိုရမယ့် နေ့မှာ ဒေါပုံ အ.ထ.က ၁ ကျောင်းမှာ ဖြေဆိုရမယ့် ကျောင်းသားတစ်ယောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာမဖြေတာကြောင့် အုပ်ချုပ်ရေးမှူးဆီဆက်သွယ်ကြည့်ရာ ညက စာကျက်နေတာကြောင့်ကျောင်းသားအိပ်ပျော်နေကြောင်းစုံစမ်းသိရတယ်လို့ဆိုပါတယ်။ 
ဒါကြောင့် ကျောင်းရှေ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ကနေ မီးတန်း ဆိုင်ကယ်နဲ့ ကျောင်းသား နေထိုင်တဲ့ ဒေါပုံမြို့နယ်၊ယမုံနာ ၂ ရပ်ကွက် ကမ်းနားလမ်း ကို အိမ်အထိသွားရောက်ခေါ်ဆောင်ပေးခဲ့ပြီး စာမေးပွဲခန်းကို ပို့ဆောင်ပေးခဲ့တယ်လို့ယာဉ်ထိန်းတပ်ဖွဲ့က ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။ 
မနေ့က မတ်လ ၆ ရက်နေ့ကလည်း ကြည့်မြင်တိုင်မြို့နယ်နဲ့ စမ်းချောင်းမြို့နယ်က ကျောင်းသား၊ ကျောင်းသူ ၃ ယောက် ကျောင်းမှားပြီး စာမေးပွဲဖြေဖို့ရောက်လာတာကြောင့် ကျောင်းအမှန်ကို ယာဉ်ထိန်းတွေက လိုက်ပို့ပေးခဲ့ကြပါတယ်။ 
မတ်လ ၆ ရက်နေ့က စတင်ကျင်းပနေတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာနစ်နိုင်ငံလုံးက ကျောင်းသား၊ ကျောင်းသူပေါင်း ၈ သိန်း ၅ သောင်းကျော်ဝင်ရောက်ဖြေဆိုနေကြပါတယ်။ 


Duwun


0 comments:

Post a Comment