နိုင်ငံအတွင်း ရဲတပ်ဖွဲ့ဝင်ကောင်းများစွာလိုအပ်လျှက်ရှိ၍ သက်မှတ်ချက်များနှင့်ပြည့်စုံသည့် လူငယ်များ ရဲတပ်ဖွဲ့ထဲဝင်ရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စစ်ကိုင်းတိုင်းဒေသကြီးခရီးစဉ် ဒုတိယနေ့ဖြစ်သည့် မတ်လ ၇ ရက် မနက်ပိုင်းက ထမံသီမြို့ရှိပြည်သူများနှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ပြောကြားသည်။
“ကြုံတုန်းတော့ပြောချင်တယ်။ ဒီထဲမှာ သတ်မှတ်အရည်အချင်းနဲ့ပြည်စုံတဲ့ အမျိုးသားလေးတွေ အမျိုးသမီးတွေ ရောပေါ့ ရဲထဲကိုဝင်ကြပါလို့ တိုက်တွန်းချင်တယ်။ ရဲထဲမှာဝင်ပြီးတော့ အလုပ်လုပ်တယ်ဆိုတာ နိုင်ငံရဲ့က တည်ငြိမ်ရေးအတွက်လုပ်တာပဲ။ နိုင်ငံအေးချမ်းရေးအတွက် လုပ်တာပဲ။ အမေတို့နိုင်ငံမှာဆိုရင် ကောင်းတဲ့ ရဲဝန်ထမ်းတွေ၊ ရဲအမှုထမ်းတွေ အများကြီးလိုပါတယ်။ သက်မှတ်ထားတဲ့ အရည်အချင်းနဲ့ပြည့်စုံတဲ့ ပြည်သူပြည်သားလူငယ်များ ရဲထဲမှာ ၀င်ရောက်အမှုထမ်းကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ၄င်းကပြောသည်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က တဦးနှင့်တဦး ယုံကြည်မှုရှိရန်အတွက် စကားကို လွယ်လွယ်မပြောသင့်ကြောင်း၊ မိမိတို့နေဖြင့် မလုပ်ပေးနိုင်သည့် ကိစ္စများကို လုပ်ပေးမည်ဟု ကတိမပြုဘဲ ပြည်သူလူထု၏ လိုအပ်ချက်အားလုံးကို ကြိုးစား၍ အမြန်ဆုံးဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။
Photo-That Aung
News Watch







0 comments:
Post a Comment