Wednesday, March 6, 2019

နေ့ ည ရောင်းချနိုင်သည့် တောသင်္ကြန် ဆိုင်ခန်းခ (၅) သိန်း မှ (၂) သိန်းသို့ လျော့ချ


မန္တလေးမြို့ နေ့ ည ရောင်းချနိုင်သည့် တောသင်္ကြန် ဆိုင်ခန်းခများကို မတ်လ ၆ ရက်နေ့ က (၅) သိန်းကျပ် မှ (၂) သိန်းကျပ်သို့ လျော့ချပေးခဲ့ကြောင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည် ။ 
ယခင်သတ်မှတ်ထားသည့် ဈေးနှုန်းဖြစ်သည့် ဆိုင်ခန်းခ (၅) ကျပ်ဖြင့် လာရောက်ငှားရမ်းခဲ့သည့် (၂၇) ဦးအား ပိုသည့်ငွေပြန်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင် က ပြောသည် ။ 

``ဆိုင်ခန်းခ က များတယ်လို့ထင်လို့ ဒီနေ့အစည်းအဝေးမှာတင်ပြပြီး လျော့ချပေးခဲ့တာပါ ။ ဆိုင်ခန်းခကြောင့် အစားအသောက်တွေ ဈေးတက်မှာ မဖြစ်စေချင်ဘူး ။ ဒါ့ကြောင့် ဈေးပြန်လျော့တာပါ ။´´ ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင် က ဆက်လက် ပြောသည် ။ 

မန္တလေးမြို့ ကျုံးအရှေ့ဘက် ၆၆ လမ်းတွင် ၁၉ လမ်း မှ ၂၃ လမ်း အထိ လမ်းဧရိယာနယ်နမိတ်အတွင်း၌ နေ့၊ ည ဖွင့်လှစ်ရောင်းချနိုင်မည့် တောသင်္ကြန် ဆိုင်ခန်း ၂၁၈ ခန်းကို ဦးရာလူစနစ်နဲ့ ချထားပေးမည်ဖြစ်သည် ။ 

ဆိုင်ခန်း ဧရိယာမှာ ၁၀ ပေ ပတ်လည် အကျယ်ရှိမည်ဖြစ်ပြီး ဆိုင်ခန်းငှားရမ်းသူများအနေဖြင့် အာမခံငွေ (၅) သောင်းကျပ်ပေးသွင်းရမည်ဖြစ်ကာ သင်္ကြန်ပြီးပါက ယင်းအာမခံငွေအား ပြန်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည် ။ 

ပုံစာ - ယခင်နှစ်က ဆိုင်ခန်းပုံ
နိုင်လင်းဦး 
The Fifth Wave News 

0 comments:

Post a Comment