Thursday, March 28, 2019

ချန်ပီယံခါးပတ် ကာကွယ်ပွဲတွင် အနိုင်ရမည်ဟု ယုံကြည်ကြောင်း အောင်လအန်ဆန် ပြော


ချန်ပီယံခါးပတ်ကို ကာကွယ်ဖို့အတွက် အကောင်းဆုံးပြင်ဆင်ထားလို့ စိတ်မပူကြဖို့နဲ့ အနိုင်ရမယ်လို့ ယုံကြည်တဲ့အကြောင်း မြန်မာစပါးကြီးမြွေ အောင်လအန်ဆန်က ပြောကြားလိုက်ပါတယ်။ 
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ မနေ့ကကျင်းပတဲ့ One Championship MMA ပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲမှာ အောင်လအန်ဆန်က ဒီဗွီဘီရဲ့ မေးမြန်းချက်ကို ပြန်လည် ဖြေကြားသွားတာပါ။ 

မြန်မာနိုင်ငံသားတွေအနေနဲ့ စိတ်မပူကြဖို့နဲ့ လက်ရှိ အကောင်းဆုံး ပြင်ဆင်ထားလို့ အကောင်းဆုံး အနေအထား ရှိနေတယ်လို့ ပြောပါတယ်။ 

ဒါ့အပြင် ပြိုင်ဘက် ဂျပန်က အိမ်ရှင်ဖြစ်နေပေမယ့် သူ့အနေနဲ့ ၁၀ နှစ်ကျော်လောက် တခြားနိုင်ငံတွေမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ အတွေ့အကြုံ ရှိခဲ့တာမို့ စိတ်မပူကြောင်းနဲ့ ဒီပွဲမှာ အနိုင်ရမယ်လို့ ယုံကြည်ကြောင်းလည်း အောင်လအန်ဆန်က ပြောသွားပါတယ်။ 

အောင်လအန်ဆန်ဟာ One Championship မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကာကွယ်ပွဲ ပွဲစဉ်အတွက် စိန်ခေါ်သူ ဂျပန် MMA ကစားသမား ကန်ဟာဆီဂါဝါနဲ့ မတ်လ ၃၁ ရက်နေ့ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။ 

သတင်း၊ ဓာတ်ပုံ – ဇော်ဇော်လှိုင်
DVB

0 comments:

Post a Comment