
တိုက်ကြီးမြို့နယ် ဥက္ကံမြို့၌ မတ်လ ၁၃ ရက်နေ့က တက္ကသိုလ်ဝင်တန်းစာမေးပွဲ (သိပ္ပံတွဲ) ဖြေဆိုပြီးသူများထံမှနေ၍ ပါရမီရှင်ပရဟိတလူငယ်များအဖွဲ့က စာရေးကရိယာများအလှူခံခဲ့ကြသည်။
မိဘမဲ့ကလေးများကို ထောက်ပံ့ပေးရန်ရည်ရွယ်ချက်ဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးသူများထံမှ စာရေးကရိယာများ အလှူခံခြင်းဖြစ်သည်ဟု ပါရမီရှင်ပရဟိတလူငယ်များအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
၁၀ တန်းကျောင်းသူ၊ ကျောင်းသားများအနေနှင့် စာမေးပွဲဖြေဆိုပြီးပြီဖြစ်၍ ၎င်းတို့အတွက် မလိုအပ်တော့သည့် ခံတံ၊ ပေတံ၊ ဘောပင်၊ ခဲဖျက်၊ ချွန်စက် အစရှိသည့် စာရေးကရိယာများကို အလှူခံခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။



The Voice






0 comments:
Post a Comment