မန္တလေးမြို့ အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်အနီး တောင်သမန်အင်းကန်ပတ်လမ်း တာရိုးပေါ်တွင် လုယက်အသတ်ခံရသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားအမှု ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင် က ပြောသည်။
ရတနာပုံတက္ကသိုလ်ကျောင်းသား ကုန်ထုတ်ဓာတုဘာသာ (စတုတ္ထနှစ်) ကိုစိုးမိုးဟိန်း (၂၂) နှစ်သည် ဒီဇင်ဘာလ ၂၅ ရက်နေ့က အသတ်ခံရခြင်းဖြစ်သည် ။
``ဒီကိစ္စမှာ အသေးစိတ်တော့ မဖြေချင်သေးဘူး ။ ဘာဖြစ်လို့လဲဆိုတော့ အမှုမှာ ကွင်းဆက်တရားခံတွေ ဖော်နေရသေးလို့ပါ ။ အမှုကတော့ ပေါ်ပေါက်နေပါပြီ ။´´ ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင် က ပြောသည်။
ကိုစိုးမိုးဟိန်းသည် သမီးရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်း နှင့်အတူထိုင်နေစဉ် အမည်မသိလူ (၄) ဦး မှဆိုင်ကယ်(၂) စီးဖြင့်ရောက်ရှိလာပြီး အကူညီ တောင်းချင်လို့ပါ ဟုပြောဆို၍ ပိုက်ဆံအိပ်လုယူရင်း ၎င်းတို့အထဲမှ အမည်မသိတစ်ဦး က ပွေ့ဖက်ကာ ကိုစိုးမိုးဟိန်းအား ဓားဖြင့် ဘယ်ဘက်ရင်ညွှန့်ကို ထိုးခဲ့သည် ။
ထိုသို့ ဓါးဖြင့်ထိုးလိုက်သည့်အတွက် ကိုစိုးမိုးဟိန်းမှာ တောင်သမန်အင်းအတွင်းပြုတ်ကျခဲ့ပြီး သမီးရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်း က ပတ်ဝန်းကျင်အားအော်ဟစ်အကူတောင်းစဉ် ၄င်းတို့ထဲမှပါလာသူသူတစ်ဦးက သူမပါးစပ်အားပိတ်သဖြင့်ရုန်ကန်ရာ တာရိုးအုတ်ခုံပေါ်မှ တောင်သမာန်အင်းအတွင်းပြုတ်ကျခဲ့ကြောင်း သိရသည် ။
ထို့နောက် အင်းအတွင်း၌ ၄င်းအုပ်စုအတွင်းမှ (၁) ဦးသည် ကိုစိုးမိုးဟိန်း၏ ဝဲဘက်တင်ပါးဆုံအား ဓါးဖြင့်ထပ်မံထိုးစဉ် ပတ်ဝန်းကျင်အားထပ်မံအော်ဟစ်အကူအညီတောင်းရာ ၎င်းတို့မှာထွက်ပြေးသွားပြီး အမည်မသိလူလေးဦးရောက်ရှိလာကာ အကူအညီပေးသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ည(၁၀)နာရီအချိန်ခန့်တွင် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျူးလွန်သူများကို အမပူရမြို့မရဲစခန်းတွင် (ပ)၇၁၇/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည် ။
ပုံစာ - လုယက်အသတ်ခံရသည့် ရတနာပုံတက္ကသိုလ် ကျောင်းသား ဈာပန
The Fifth Wave News







0 comments:
Post a Comment