လှိုင်သာယာမြို့နယ်၊ လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မတ်လ ၅ ရက်နေ့ မနက် ၁၀ နာရီကျော် အချိန် လှိုင်သာယာမြို့မရဲစခန်းမှူးရဲ့ လက်မှတ်အတုနဲ့ ရဲစခန်းတံဆိပ်တုံးအတု ရိုက်နှိပ်ထားတဲ့ ရဲစခန်းထောက်ခံစာ အတုတွေ ရောင်းချနေတယ်လို့ သတင်းအရရှိခဲ့တာဖြစ်ပါတယ်။
သတင်းတွေအရလှိုင်သာယာမြို့နယ်၊ (၈)ရပ်ကွက်၊ ကျန်စစ်မင်းအိမ်ရာပတ်လမ်းမှာ တွေ့ရှိသူ လှိုင်သာယာ မြို့နယ်၊ (၁၄)ရပ်ကွက်နေ ဇော်လွင်ဦး(ခ)ဇော်လွင် အသက်(၂၆)နှစ်ကို စစ်ဆေးခဲ့ပါတယ်။စစ်ဆေးချက်အရ ဇော်လွင်ဦး(ခ)ဇော်လွင်ရဲ့ ယာလက်မှာ ကိုင်ထားတဲ့အနက်ရောင် ကြွပ်ကြွပ်အိတ် အတွင်းမှ လှိုင်သာယာမြို့မ ရဲစခန်းမှုး ရဲ့လက်မှတ်အတုပါရဲစခန်းတံဆိပ်တုံးအတု ရိုက်နှိပ်ထားတဲ့ ရဲစခန်းထောက်ခံစာအတု(၉)ရွက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ရဲစခန်းထောက်ခံစာ လိုအပ်သူတွေကို ၁ စောင်လျှင်(၂,၀၀၀)ကျပ်နှုန်းနဲ့ ပြုလုပ်ပေးတာ ဖြစ်တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
အဲ့ဒီလိုစစ်ဆေးပေါ်ပေါက်ခဲ့ဖြစ်လို့ ဇော်လွင်ဦး(ခ)ဇော်လွင်ကို လှိုင်သာယာမြို့မရဲစခန်းက (ပ)၁၂၂၃/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈ နဲ့ အရေးယူထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းမှသိရပါတယ်။
#Channel B Media Group







0 comments:
Post a Comment